« Prev . . . ၆၉ ၇၀ ဆာလံ ၇၁ ၇၂ ၇၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇၁
၇၁း၁ ဆာလံဆရာက မိမိတို့အသက်တာသည် အိုမင်း လာသည်နှင့်အမျှ အန္တရာယ်များ ပြည့်ဝလာသည်ဟု ရှုမြင်ခဲ့သည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော အရာများက အသက်တာတွင် သူတပါးအတွက် ပုံသက်သေဖြစ်စေဖို့ နေထိုင်ရမည်။ မိမိခံစားရသော ယုံကြည်ခြင်း၊ လိုက်လျောက်ခြင်းကို သူတပါးအား ဝေငှတိုက်တွန်းပါ။
၇၁း၁၄ ကျွန်ုပ်တို့ အတိတ်ကာလများ၌ ဘုရားသခင်၏ အံ့သြဖွယ် ကောင်းကြီးများကို ခံစားခဲ့ရသည်။ ယခုအိုမင်းလာသော်လည်း ခံစားနေရဆဲပင်ဖြစ်သည်။ ဘုရားသခင် မစတော်မူဆဲပင်ဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာ အားနည်း၍ မစွမ်းဆောင်နိုင်သော်လည်း မျှော်လင့်ခြင်းကို ဘုရားသခင် ပေးထားဆဲပင် ဖြစ်ပါသည်။
၇၁း၁၈ ဘုရားသခင်၏ အမှုကိုဆောင်သော သူတို့အဖို့ အသက်အရွယ်ကြီးရင့်သည် ငယ်ရွယ်သည် ဟူ၍ မရှိပါ။ အသက်အရွယ် ကြီးရင့်၍ ကိုယ်ခန္ဓာ အားနည်းသော်လည်း မိမိအသက်တာဖြင့် သူတပါး နမူနာ ယူစရာ ဖြစ်စေပါ။ ဘုရားသခင် အမှုကိုဆောင်သော သူတို့၏အကျိုးကို လူငယ်များအား ဝေငှသက်သေခံပါ။
« Prev . . . ၆၉ ၇၀ ဆာလံ ၇၁ ၇၂ ၇၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »