« Prev . . . ၇၀ ၇၁ ဆာလံ ၇၂ ၇၃ ၇၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇၂
၇၂း၁ ခေါင်းဆောင်များ၊ ဘုရားသခင် အမှုဆောင်သော သူများသည် မည်သို့သော အရည်အခြင်းများနှင့် ပြည့်ဝသင့် ပါသနည်။ ဘုရားသခင် အတွက် ဝန်ခံသူ၊ ပြည့်ဝသူ၊ ဖြောင့်မတ်သူ၊ တရားမျှတသူများ ဖြစ်ရန် ဘုရားသခင် အလိုရှိသည်။ ထိုသို့ အရည်အချင်းများနှင့် ပြည့်ဝသော ခေါင်းဆောင် အသီးသီးဖြစ်ပါက ကမ္ဘာကြီး တိုးတက်ပြောင်းလဲပေလိမ့်မည်။ ထိုသို့သော ခေါင်းဆောင်များဖြစ်ဖို့ ဆုတောင်းကြပါစို့ (၁ တိ ၂း၁)။
၇၂း၁၂ ဘုရားသခင်သည် အငယ်ဆုံးသော မိဘမဲ့၊ မုဆိုးမများ၊ ငတ်မွတ်ဆင်းရဲသော သူများကို တန်ဖိုးထား၊ သနားတော်မူသည်။ ထိုသူတို့ကို ပစ်၍မထားပါ။
သင်သည်လည်း ထိုအငယ်ဆုံးသော သူများကို လစ်လျှူရှု နေပါသလား။ ဖြည့်ဆည်းပေးနေပါသလား။
၇၂း၁၇ ဒါဝိဒ်၏ သားတော် ရှောလမုန်မင်းသည် ဣသရေလနိုင်ငံကို အုပ်ချုပ်စဉ်ကာလ ဗိမာန်တော်ကို တည်ဆောက်ခဲ့သည်။ တိုင်းပြည်ငြိမ်းချမ်းခဲ့သည်။
သခင်ယေရှုသည်လည်း ထာဝရအုပ်စိုးရန် ပြန်ကြွလာသောအခါ ထိုသို့သော ပြည်စုံခြင်းထက် ပိုကြီးမားလိမ့်မည် (ဗျာ ၁၁း၁၅)။
၇၂း၁၉ ဤကျမ်းပိုဒ်သည် အာမင် (Amen) အာမင်ဟု အဆုံးသတ်ထားသည်။ ဘုရားသခင်၏ နာမတော်သည် မင်္ဂလာရှိတော်မူ၏။ မြေတပြင်လုံး ဘုန်းတော်နှင့် ပြည့်တော်မူ၏ဟု ဝန်ခံထားသည်။ ချီးမွမ်ထားသည်။
« Prev . . . ၇၀ ၇၁ ဆာလံ ၇၂ ၇၃ ၇၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »