« Prev . . . ၇၁ ၇၂ ဆာလံ ၇၃ ၇၄ ၇၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇၃
၇၃း၁-၂၀ မတရားသော သူများ၏ ကောင်းစားခြင်းသည် တန်ဖိုးမရှိသည်ကို ဖြောင့်မတ်သူများ တခါတရံ နားမလည်ကြပေ။ မတရားသော သူများကဲ့သို့ လုပ်ဆောင်လိုကြသည်။ စည်းစိမ်ချမ်းသာကို ရရှိရန်အတွက် မတရာသောသူများနှင့် နေရာမလဲပါနှင့်။ သင်ရရှိသော ထာဝရ စည်းစိမ်ကို မတရားသော သူများက တနေ့ နေရာလဲချင် လာကြလိမ့်မည်။
၇၃း၁ ဤကျမ်းကို လေဝိ (Levites) သီချင်းသည်များ၏ ခေါင်းဆောင်တဦးဖြစ်သော အာသပ် (Asaph) က ရေးခဲ့သည်။ ဆာလံသီချင်း ၇၃-၈၃ ကို စုဆောင်းခဲ့သော်လည်း အားလုံးကို ရေးသားခဲ့သူ မဟုတ်ပါ။
ဘုရားသခင်၏ သန့်ရှင်းသော ဌာနသို့ မရောက်နိုင်အောင် မတရားသော စည်းစိမ်ခံစား မှုများနှင့် ပြည့်ဝနေသည်။ ဘုရားသခင်၏ ဉာဏ်ပညာဖြင့် တရားမျှတမှုများ တည်ရှိမည်ဟု သိရသည်။
၇၃း၂ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မသိကြသောကြောင့် သူတို့စည်းစိမ်ဥစ္စာသည် အိမ်မက်ကဲ့သို့ ဖြစ်သည်ဟု မထင်ကြပါ။
ပျော်ရွှင်ခြင်းနှင့်ကြွယ်ဝခြင်း၌ အခြေမခံပဲ၊ ဘုရားသခင်၌သာ အခြေခံပါ။ စစ်မှန်သောကြွယ်ဝခြင်းကို ပေးနိုင်သည်။ ဘုရားသခင်နှင့် ပို၍ နီးကပ်ပါ။
၇၃း၂၃ ဆာလံဆရာက ဘုရားသခင်သည် သူနှင့်အတူ ရှိသည်ဟု ကြေညာခဲ့သည်။ မွေးဖွားမှစ၍ သေဆုံးချိန်ထိ ဘုရားသခင် လက်တော်နှင့် မကွာဟု ဆိုခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် လုံခြုံမှုကို ပေးပိုင်သော အရှင်ဖြစ်သည်။ ဘုရားသခင်ကိုသာ ခိုလှုံပါ။
« Prev . . . ၇၁ ၇၂ ဆာလံ ၇၃ ၇၄ ၇၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »