« Prev . . . ၇၂ ၇၃ ဆာလံ ၇၄ ၇၅ ၇၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇၄
၇၄း၁ မတရားမှုများ ကျင်လည်နေသော ဣသရေလတို့ အပြစ်ကြောင့် ဘုရားသခင်၏ အမျက်တော်သည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။
အပြစ်စီရင်ခြင်းကို ခံခဲ့ရသည်။ သင်သည်လည်း ဘုရားသခင်၏ စီရင်ခြင်းကို မခံရစေဖို့ ခွင့်လွှတ်ခြင်းကို တောင်းခံပါ။ ဘုရားသခင်၏ သည်းခံမှုကို ကုန်လွန်၍ အမျက်တော် ခံစားရဖို့ အံ့သြခြင်းမရှိပါလေနှင့်။
၇၄း၈ ဣသရေလတို့ကို သိမ်းပိုက်၍ ယေရုရှလင်မြို့ကို ဖျက်ဆီးသကဲ့သို့ ဘုရားသခင်ကို မုန်းသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သမျှကို ဖယ်ရှားလေ့ရှိသည်။
ကျွန်ုပ်တို့ပတ်ဝန်းကျင်၌လည်း ဤသို့ ဖယ်ရှားမှုများ ချိုးနှိမ်မှုများကို ကြုံတွေ့ကြရသည်။ စိတ်မပျက်ပါနှင့်။ သင့်အားဖြင့် ဘုရားသခင် လွှမ်းမိုးမှု ဆက်လက် တည်ရှိစေပါ။ မည်သို့သောအခါမျှ ဘုရားသခင် တည်ရှိခြင်းကို မဖယ်ရှားနိုင်ကြပါ။
၇၄း၁၀ တခါတရံ ဘုရားသခင်၏ လုပ်ဆောင်မှုအပေါ် ကျွန်ုပ်တို့ စိတ်မရှည် တတ်ကြပေ။ နှေးကွေးသည်ဟု မြင်ကြသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ပြီးသည်များကို နှလုံးသွင်းပါ။ ဘုရားသခင် အလုပ်လုပ်နေပါသည်။ သင်၏ အသက်တာဖြင့်ဘုရားသခင် လုပ်ဆောင်နေပါသေးသည်။
« Prev . . . ၇၂ ၇၃ ဆာလံ ၇၄ ၇၅ ၇၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »