« Prev . . . ၇၆ ၇၇ ဆာလံ ၇၈ ၇၉ ၈၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၇၈

၇၈း၁ ဣသရေလတို့သည် ဘုရားသခင် အပေါ်သစ္စာမရှိခြင်း၊ (၇၈း၈) ပြတော်မူသော နိမိတ်လက္ခဏာများကို မေ့လျော့ခြင်း (၇၈း၁၁-၁၂)၊ အမျိုးမျိုး ဘုရားသခင်ကိုစုံစမ်းခြင်း (၇၈း၁၈)၊ မုသားစကားကို ပြောခြင်း (၇၈း၃၆)၊ ဘုရားထံမှ ရှောင်ပြေးလိုခြင်း (၇၈း၄၂-၅၆)၊ တို့ကို ပြုခဲ့ကြသည်။

ကျွန်ုပ်တို့သည်လည်း ထိုသို့သော အရာများကို ရှောင်ရှားရမည် (၁ ကော ၁၀း၅-၁၂)။ ဣသရေလတို့၏ အကျိုးအပြစ်ကို ပြန်၍ သတိရစေခြင်းဖြင့် ထိုအရာများကို ရှောင်ရှားရန် ကနဦး ခရစ်များနှင့် ကျွန်ုပ်တို့ကို သတိပေးထားသည်။

၇၈း၅ ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ပညတ်တော်များကို ကလေးငယ်များ သိစေရန် သင်ကြားပေးရမည်။ ဘုရားသခင်အား နာခံရန် ကြောက်ရွံ့ရန် သွန်သင်ရမည်။

သင်သည်လည်း မည်သို့သော သွန်သင်ခြင်းဖြင့် ကလေးငယ်များကို ပညာတိုးပွား စေပါသနည်း။

၇၈း၉ ဧဖရိမ် (Ephraim) အမျိုးနွယ်သည် ထင်ရှားသော ဣသရေလ အနွယ်ဖြစ်သည်။ ထိုသူတို့၏ ပိုင်နက်တွင် တဲတော်ကို တည်ထားပါလျက် ခိုင်မာတည်ကြည်သော ခေါင်းဆောင်များ မရှိသောကြောင့် ဆုံးရှုံးခဲ့ကြသည်။ ယုဒ (Judah) အမျိုးအနွယ်မှာ ထင်ရှားလာသည်။ ဒါဝိဒ်၏ ယုံကြည်ခြင်း၊ ခိုင်မာခြင်း၊ နာခံမှုကြောင့် ယေရုရှလင်မြို့တွင် တဲတော်ကို တည်ခဲ့သည်။ သူ၌ သစ္စာရှိသော သူများအဖို့ ဘုရားသခင် အလုပ်လုပ်တော်မူ၏။

Continue… » »


« Prev . . . ၇၆ ၇၇ ဆာလံ ၇၈ ၇၉ ၈၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.