« Prev . . . ၇၉ ၈၀ ဆာလံ ၈၁ ၈၂ ၈၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၈၁
၈၁း၁-၅ ဣသရေလတို့၏ ပွဲတော်များသည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို သတိရစေသည် သာမက သူတို့ နေစဉ် ရုန်းကန်မှုအတွက် ခွန်အား ဖြည့်ဆည်းမှုများဖြစ်စေသည်။
သင်ရော ခရစ်စမတ် ပွဲတော်၌ သင်ရရှိသော လက်ဆောင်အပေါ် အာရုံစိုက်နေပါသလား။ ကျေးဇူးတော် ချီးမွမ်းပွဲ၌ စားရသော အစားအသောက်ကိုသာ စိတ်ဝင်စားနေပါသလား။ ထူးမြတ်သော နေ့တိုင်းသည် သင့်အတွက် ဝိညာဉ်ရေးရာ တိုးတက်မှု ဖြစ်စေရန် အားယူရာနေ့များ ဖြစ်စေပါ။ ထိုနေ့များ၌ သင်နှင့် မိသားစု အားလုံးအပေါ် နိုင်ငံအပေါ် ဘုရားသခင် ပြုခဲ့သော ကောင်းချီးများ လုပ်ဆောင်မှုများကို အမှတ်ရ၍ ဆင်ခြင်ပါ။ ကျေးဇူးတော်ချီးမွမ်းပါ။
၈၁း၎ ဒါဝိဒ်သည် ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်ခြင်းကို တီးမှုတ် ချီးမွမ်းခြင်းဖြင့် ခွဲခန့်စီစဉ်ခဲ့သည် (ရာ ၂၅)။ ဝတ်ပြုကိုးကွယ်ခြင်း၌ တီးမှုတ်ခြင်းသည် စိတ်နှလုံးကို ဘုရားသခင်နှင့် ပို၍ နီးကပ်စေသည်။ ဘုရားသခင်အား ထောပနာပြုခြင်းဖြစ်သည်။
၈၁း၁၁ ဘုရားသခင်ကို နာခံရမည့်အစား ဣသရေလတို့သည် မျက်စိသူငယ် နုံအစွာဖြင့် ဘုရားအလိုတော်ကို လိုက်ခဲ့သည်။
ကျွန်ုပ်တို့သည်လည်း တခါတရံ လေးအနုံနဲ့စွာဖြင့် ဘုရားသခင်ကိုနာခံကြသည်။ ယင်းအတွေ့အကြုံများ အပေါ် ဘုရားသခင်သည် အားနည်းချက်များကို ဖယ်ရှားတော်မူသည်။
၈၁း၁၃ ဘုရားသခင်၏ ပဋိညာဉ်မှာ သူ၏ လူတို့ကို နာခံမှုရှိစေရန် ပြောင်းလဲတည်ဆောင် ပေးမည်ဟူ၍ ဖြစ်သည် (ထွက် ၂၃း၂၂၊ ဝတ် ၂၆း၃၊ တရား ၇း၁၂)။
« Prev . . . ၇၉ ၈၀ ဆာလံ ၈၁ ၈၂ ၈၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »