« Prev . . . ၉၅ ၉၆ ဆာလံ ၉၇ ၉၈ ၉၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၉၇

၉၇း၂ ဘုရားသခင်၏ ထံတော်သို့ မချဉ်းကပ်နိုင်အောင် ကျွန်ုပ်တို့ အပြစ်များက တားဆီးထားသည်။ မိုးတိမ်နှင့် မှောင်မိုက်ဟု ဖော်ပြထားသည်။ သန့်ရှင်းသော ဘုရားသခင်ကို မချဉ်းကပ်နိုင်ရန် ကျွန်ုပ်တို့ အပြစ်များက အတားအဆီး ဖြစ်စေသည်။

၉၇း၇ ကျွန်ုပ်တို့သည် စိတ်ကူးနှင့်ရသော အရာများကို ကိုးကွယ်အားထား နေကြသည်။ ဘုရားသခင်၏ မေတ္တာကို သဘာဝတရား ပတ်ဝန်းကျင်များ အားဖြင့်သော်၎င်း၊ ကျမ်းစာ အားဖြင့်သော်၎င်း ဖော်ပြထားသည်။

ထိုအရာများကို ကျွန်ုပ်တို့ သတိမပြု ငြင်းပယ်ကြသည်။ သမ္မာကျမ်းစာ၌ ရုပ်တုဆင်းတုကို ဝတ်ပြုသောသူဟု ဖော်ပြထားသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ထက် အခြားသော လောကအရာများကို အလေးပေးထားခြင်းကြောင့် ဖြစ်သည်။ ဤသို့သော ရူးသွပ်သည့်လုပ်ဆောင်မှု ယုံကြည်အားကိုး မှုများကို ရှောင်ရှားရမည်။

၉၇း၁၀ ဘုရားသခင် ချစ်တော်မူသော အရာကို ကျွန်ုပ်တို့ ချစ်ရမည်။ မုန်းတော်မူသော အရာကို စွန့်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်သော သူဖြစ်လျှင် လောကအရာများကို စွန့်လွှတ်ရမည်။ မကောင်းမှုများကို ရွံ့ရှာရလိမ့်မည်။ သင့်အလိုဆန္ဒကို ဘုရားသခင် စိတ်တော်နှင့် တွေ့စေပါ။ ဘုရားသခင် နည်းလမ်းဖြင့် အသက်ရှင်ပါ။ အပြစ်ကိုရွံ့ရှာပါ။

Continue… » »


« Prev . . . ၉၅ ၉၆ ဆာလံ ၉၇ ၉၈ ၉၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.