« Prev . . . ၁၀၃ ၁၀၄ ဆာလံ ၁၀၅ ၁၀၆ ၁၀၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၀၅

၁၀၅ ဒါဝိဒ်သည် ပဋိညာဉ် သေတ္တာတော် (The ark of the covenant) ကို ယေရုရှလင်မြို့ (Jerusalem) သို့ သယ်ဆောင်သော ပွဲ၌ သီဆိုသော ဆာလံသီချင်းဖြစ်သည်။ ထို့အတူ ဆာလံ ၇၈၊ ၁၀၆၊ ၁၃၆၊ တို့သည်လည်း ဣသရေလ (Israel) သမိုင်းကြောင်းကို သတိရစေသော ကျမ်းပိုဒ်များဖြစ်သည်။

ဘုရားသခင်ကို ရှာဖွေခြင်းဖြင့် မိမိဘုရားနှင့် ဝေးကွာမှု ခံစားရခြင်းကို ပြန်လည်နီးကပ် စေပါသည်။ ဟေဗြဲ ၁၁း၆ တွင် သခင်ယေရှု ကတိထားခဲ့သည့်အတိုင်း သူ့အားကြိုးစား၍ ရှာဖွေသော သူတို့အား ဆုလဒ်ပေးတော်မူမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ကြိုးစားရှာဖွေမှုကိုသာ လိုလားပါသည်။

၁၀၅း၆ ဘုရားသခင်သည် အာဗြဟံ (Abraham) ကို ရွေးကောက်၍ ကတိတော် ထားရှိသော ခါနန်ပြည် (Canaan) ကို ပိုင်ဆိုင်ရသော အခွင့်ကို ခံစားရရှိသည်။ အာဗြဟံ၏ အမျိုးအနွယ် တိုးပွားရသော အခွင့်ကို ဘုရားပေးခဲ့သည်။ သူတို့၏ ယုံကြည်ခြင်း အားကြီးမှုကြောင့် ကောင်းကြီး မင်္ဂလာကို ခံစားရသည်။

၁၀၅း၂၃ ဣသရေလ လူမျိုးတို့အပေါ် မုန်းတီးသော စိတ်ကို အီဂျစ်လူမျိုးတို့အား ဘုရားသခင်သည် ဖြစ်ပေါ်စေပါသလား။ ဘုရားသခင်သည် မကောင်းသော အရာများကို ဖြစ်ပွားစေသော ဘုရားမဟုတ်ပါ။ ဘုရားသခင်သည် ဣသရေလလူမျိုးများအပေါ် ကောင်းကြီးများစွာ ပေးခဲ့သောကြောင့် အီဂျစ်လူမျိုးများက မုန်းတီးခဲ့ကြသည်။ ထိုကဲ့သို့ မုန်းတီးမှုက ဣသရေလများ အီဂျစ်ပြည်မှ ထွက်ခွာခြင်းကို ဖြစ်စေခဲ့သည်။

၁၀၅း၄၅ ဘုရားသခင်သည် ဣသရေလ လူမျိုးများကို သူ၏ ပညတ်တော်များကို လိုက်လျောက်စေလိုသည်။ ကျွန်ုပ်တို့ အသက်တာတွင်လည်း ဘုရားသခင်သည် ကောင်းကြီးများကို ခံစားစေလိုသောကြောင့် ပညတ်တော်များကို လိုက်လျောက်စေလိုသည်။ ဘုရားသခင် ချီးမြှောက်ရန် ကျွန်ုပ်တို့အား ပညတ်တော်များကို ထားပေးခဲ့ပါသည်။

Continue… » »


« Prev . . . ၁၀၃ ၁၀၄ ဆာလံ ၁၀၅ ၁၀၆ ၁၀၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.