« Prev . . . ၁၀၄ ၁၀၅ ဆာလံ ၁၀၆ ၁၀၇ ၁၀၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၀၆

၁၀၆း၁ ဆာလံ ၁၀၅ သည် ဘုရားသခင်၏ သစွာရှိမှုကို ဖော်ပြထားသည်။ ဆာလံ ၁၀၆ သည် လူ၏အပြစ်နှင့် ပြည့်ဝမှုကို ဖော်ပြထားသည်။ ဆာလံ ၁၀၆ သည် အီဂျစ်ပြည်မှ ထွက်ခွာချိန်မှသည် ဗာဗုလုန် (Babylon) တို့ လက်အောက်သို့ ကျရောက်သည်အထိ ဖော်ပြထားသည်။

ဘုရားသခင်၏ ကြီးမြတ်သော လုပ်ဆောင်မှုများကို သင်သည် စာရင်းပြုစုထားပါက လွန်စွာအံ့သြ နေပေလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပို၍ စဉ်းစား လာသည်နှင့်အမျှ ဘုရားသခင်ကို ပို၍ ချီးမွမ်းလေဖြစ်လာမည်။ ကျွန်ုပ်တို့ ကိုယ်တိုင်သော်၎င်း၊ မိသားစုတိုင်း၌၎င်း၊ ဘုရားသခင်၏ လမ်းပြမှု၊ ကျန်းမာခြင်းအခွင့်၊ ကယ်တင်ခြင်း၊ စားဝတ်နေရေး အစရှိသော လူမှုဘဝ၏ အစိတ်အပိုင်း တခုစီတိုင်း၌ ဘုရားသခင်၏ ကောင်းကြီးများ အံ့သြဘွယ်ရာမျာကို တွေ့ရှိ ခံစားရပေမည်။

၁၀၆း၁၃ ဣသရေလ လူမျိုးတို့သည် တောထဲတွင် နေထိုင်ကြရစဉ် မိမိတို့ စားဝတ်နေရေးကိုသာ ဂရုပြုခဲ့ကြ၍ ဘုရားသခင်၏ အလိုတော်မမြင်ဘဲ ရှိခဲ့ကြသည်။ မိမိတို့ ကိုယ်ကာယ နှစ်သိမ့်မှုကိုသာ အလေးပေးပြီး ဝိညာဉ်ရေးဆိုင်ရာ ဘုရားသခင်၏ လိမ်းပြခြင်းကို အာရုံမစိုက်နိုင်ဘဲ ရှိကြသည် (တော ၁၁း၁၈-၃၃)။ သင်သည်လည်း ဘုရားသခင်အား အဖန်တလဲလဲ မိမိကိုယ်ကာယ နှစ်သိမ့်မှုကို တောင်းဆိုနေပါသလား။ ဘုရားသခင်သည် သင့်အတွက် အကောင်းဆုံး မဟုတ်သော သင်တောင်းဆိုသည့် အရာများကို ပေးတော်မူလိမ့်မည်။ သင်တေင်းဆိုသည့် အရာကို မရရှိသောအခါ ဘုရားသခင်သည် အကောင်းဆုံးကို ပေးတော်မူမည်ကို သတိရပါ။ သင်စိတ်ချယုံကြည်ပါ။

Continue… » »


« Prev . . . ၁၀၄ ၁၀၅ ဆာလံ ၁၀၆ ၁၀၇ ၁၀၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.