« Prev . . . ၁၀၅ ၁၀၆ ဆာလံ ၁၀၇ ၁၀၉ ၁၁၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၀၇

၁၀၇း၁ ဤကျမ်းသည် ဒုက္ခရောက်နေသော လူလေးမျိုး (နေစရာ မရှိသောသူ ၁၀၇း၎-၉၊ အကျဉ်းသား ၁၀၇း၁၀-၁၆၊ အနာရောဂါ စွဲကပ်သောသူ ၁၀၇း၁၇-၂၀၊ ရေလုပ်ငန်းဖြင့် အသက်မွေးသူ ၁၀၇း၁၇-၂၀) များအား ရှင်ဘုရင်က ကယ်ဆယ်ထား ခဲ့သည်ကို ဖော်ပြထားပါသည်။ ထိုအရာကို ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့ မည်သို့သော သူဖြစ်စေကာမူ ဘုရားသခင်သည် ဂရုစိုက်ကြောင်း၊ ကူညီကြောင်း၊ သနားကြောင်း ဆင်ခြင်တွေ့ရသည်။

ကျွန်ုပ်တို့ကို ဘုရားသခင် အံ့သြဖွယ်ရာ လုပ်ဆောင်မှုများကို ကြုံတွေ့စေသည်။ ထိုအရာတို့ကို သူတပါးအား ဝေငှစေလိုသည်။ သင့်အတွက် မည်သို့သော အရာများကို ဘုရားသခင် လုပ်ဆောင်ခဲ့ပါသနည်း။ ထိုအရာများကို သူတပါးအား ပြောပြခဲ့ပါသလား။

ပျောက်ဆုံးခြင်း၊ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်းနှင့် မျော်လင့်ချက် မဲ့ခြင်းတို့သည် ဣသရေလတို့ ကြုံတွေ့ရသော ဒုက္ခများဖြစ်သည်။ ကျွန်ုပ်တို့ အသက်တာတွင် ပျောက်ဆုံးမှုများ ကြုံတွေ့ရပါသလား။ သခင်ယေရှုက ငါသည် လမ်းခရီး ဖြစ်တော်မူ၏ (ယော ၁၄း၆)။ ဆာလောင်မှုကို ခံစားရပါသလား။ ငါသည် ကောင်းကင် မုန့်ဖြစ်တော်မူ၏ (ယော ၆း၃၃)။ ငတ်မွတ်ခြင်းကို ခံစားရပါသလား။ ငါသည် အသက်စမ်းရေဖြစ်၏ (ယော ၄း၁၀)။ မျှော်လင့်ချက် မဲ့နေပါသလား။ ချမ်းသာခြင်းကို ပေးတော်မူမည် ဟု (မ ၁၁း၂၈) ကတိထားတော် မူသည်။

Continue… » »


« Prev . . . ၁၀၅ ၁၀၆ ဆာလံ ၁၀၇ ၁၀၉ ၁၁၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.