« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၁၉
၁၁၉း၁၀၅ ဤလောကသည် မကောင်းမှုများနှင့် ပြည့်ဝနေသော မှောင်မိုက်သည့် တောကြီးနှင့် တူပါသည်။ သမ္မာကျမ်းစာ ဟူသော အလင်းသည် ရှေ့ဆက် လျှောက်လှမ်းရမည့် ကျွန်ုပ်တို့၏ လမ်းကို မြင်စေ၊ လင်းစေပါသည်။
၁၁၉း၁၁၃ စိတ်နှစ်ခွ ရှိသောသူသည် အကောင်းအဆိုးကို ခွဲခြားရာ၌ အဆက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရသည်။ ဘုရားသခင်ကို နာခံခြင်၊း ဘုရားသခင် အလိုသို့ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
၁၁၉း၁၂၅ ဆာလံဆရာသည် နားလည်နိုင်သော ဉာဏ်ပညာကို ဘုရားသခင်ထံမှ တောင်းဆိုခဲ့သည်။ ကျွန်ုပ်တို့ အသက်တာ၌ အားနည်းသည့်အခါ သမ္မာကျမ်းစာဖြင့် ခွန်အားယူနိုင်သည်။ သမ္မာကျမ်းစာသည် ဆေးနှင့်တူသည်။ အနာပေါ်သို့ ဆေးလိမ်းခြင်းဖြင့် ဆေး၏ အာနိသင်ကို သိနိုင်ပါသည်။
၁၁၉း၁၆၀ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ ယုံကြည်စိတ်ချနိုင်သည်။
၁၁၉း၁၆၅ ဘုရားသခင်အား ချစ်၍ တရားတော်ကို လိုက်လျှောက်ခြင်းဖြင့် ငြိမ်သက်ခြင်းကို ခံစားနိုင်ပါသည်။ ဘုရားသခင် တစ်ပါးတည်းသာ ကျွန်ုပ်တို့ နေ့စဉ်ကြုံတွေ့ရသည့် အသက်တာ၏ အာမခံချက်ဖြစ်သည်။
« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »