« Prev . . . ၁၃၇ ၁၃၈ ဆာလံ ၁၃၉ ၁၄၀ ၁၄၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၃၉

၁၃၉ ကျွန်ုပ်တို့၏ အားနည်းချက်များကို သူတစ်ပါးသိ၍ မနှစ်သက်မည် စိုးသောကြောင့် အကြောင်းအရာ များစွာတို့ကို ထိန်ဝှက်ထားတတ်ကြသည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို သိတော်မူ၏။ ကျွန်ုပ်တို့၏ ဆံပင် မည်မျှရှိသည်ကိုပင် သိတော်မူ၏။ ကျွန်ုပ်တို့ မည်သည့် အခြေအနေပင် ရှိနေစေကာမူ ဘုရားသခင်သည် ချစ်တော်မူ၏။ လမ်းပြလျက်ရှိတော်မူ၏။

ဘုရားသခင်သည် နေရာတိုင်းတွင် ရှိတော်မူ၏။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ။ မည်သည့်နေရာသို့ သွားလာသည်ဖြစ်စေ ဘုရားသခင်၏ မေတ္တာတော်နှင့် မကွာပေ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားသော သူများဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင်သည် တန်ဖိုးထားတော်မူ၏။ ထို့ကြောင့် မိမိကိုယ်ကိုတန်ဖိုးထားပါ၊ လေးစားပါ။

ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်သောကြောင့် သူတစ်ပါးကို ချစ်ရန် အထူးလိုအပ်သည်။ ရန်သူကိုပင် ချစ်ရန် သခင်ယေရှု သွန်သင်ထားသည်။ ရန်သူအတွက် ဆုတောင်းပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်သည်။

ကျွန်ုပ်တို့၏ အပြစ်များကို ဝိညာဉ်တော်က ဖော်ပြတော်မူသည်။ ကျွန်ုပ်တို့ အပြစ်များကို ဘုရားသခင်ထံ နောင်တရလျက် ခွင့်လွှတ်ခြင်းကို ခံရဖို့ ဝန်ချရမည်။ ကျွန်ုပ်တို့ အပြစ်များကို ဖော်ပြဝန်ချ တောင်းပန်လျှင် ကျွန်ုပ်တို့ အပြစ်အားလုံးကို လွတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းလွတ်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်း တရားနှင့် လည်းကောင်း ပြည့်စုံစေတော်မူ၏ (၁ ယော ၁း၉)။

Continue… » »


« Prev . . . ၁၃၇ ၁၃၈ ဆာလံ ၁၃၉ ၁၄၀ ၁၄၁ . . . ၁၅၀ ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.