« Prev . . . ၁၃၉ ၁၄၀ ဆာလံ ၁၄၁ ၁၄၂ ၁၄၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၄၁
၁၄၁ ကျွန်ုပ်တို့၏ နှုတ်ကို စောင့်ထိန်းရန် ဘုရားသခင်သွန်သင်တော်မူ၏။ ယေရှုခရစ်တော်ပင်လျှင် မည်မျှပင် ညှဉ်းဆဲခံရပါစေ။ သူ၏ နှုတ်တော်ကို ပိတ်လျက် ဘုရားသခင်ကိုသာ အာရုံပြု ဆုတောင်းခဲ့သည်။ ကျွန်ုပ်တို့သည်လည်း မည်မျှပင် ဒုက္ခနှင့် ကြုံတွေ့ရပါစေ။ မိမိနှုတ်ခမ်းသည် ညည်းတွားခြင်း မပြုဘဲ ကျေးဇူးတော်ကို ချီးမွမ်းတတ်ရန် လိုအပ်ပါသည်။
၁၄၁း၎ ကျွန်ုပ်တို့၏ စိတ်နှလုံးကို ထိန်းချုပ်ပေးရန်လည်း ဘုရားသခင်ထံ တောင်းခံသင့်သည်။ စိတ်နှလုံး၏ အကြံအစည်အတိုင်း လူသည်ပြုမူဆောင်ရွက် တတ်သည်။ ထို့ကြောင့် စိတ်နှလုံးဖြူစင် ဖြောင့်မတ်ဖို့ရန် ဘုရားသခင်ထံ တောင်းခံပါ။
၁၄၁း၅ လူတိုင်း မိမိအား ဝေဖန်ခြင်းကို မခံလိုကြပေ။ ထိုဝေဖန်ခြင်းကို လက်ခံ၍ မိမိ အသက်တာကို ပြုပြင်ပြောင်းလဲ ရမည်ဖြစ်သည်။ ထို့ကြောင့် ဝေဖန်ခြင်းကို
(၁) မငြင်းပယ်ပါနှင့်
(၂) ကြင်နာမှုအဖြစ်လက်ခံပါ
(၃) ပြန်လည်ဖြေရှင်းရန် မကြီုးစားပါနှင့်
(၄) တိတ်ဆိတ်စွာနေပါ။
ဝေဖန်မှုသည် ပျက်စီးရာသို့ ဦးမတည်ပါစေနှင့်။ တည်ဆောက်ရာသို့ ဦးတည်စေပါ။
« Prev . . . ၁၃၉ ၁၄၀ ဆာလံ ၁၄၁ ၁၄၂ ၁၄၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »