« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်းမှ ချီးမွမ်းခြင်းများ
(ဆာလံ ၈၊ ၁၉၊ ၃၀၊ ၆၅၊ ၈၄၊ ၉၆၊ ၁၀၀၊ ၁၃၆၊ ၁၄၅၊ ၁၅၀)
ဆာလံကျမ်း အများစုမှာ ဆုတောင်းချက်များဖြစ်ပြီး ထိုဆုတောင်းချက်များ အများစုမှာလည်း ဘုရားရှင်အား ချီးမွမ်းခြင်းဖြစ်သည်။ ချီးမွမ်းခြင်းသည် ဘုရားရှင်အား ရိုသေခြင်း၊ အသိအမှတ် ပြုခြင်းနှင့် ကျေးဇူးတင်ခြင်း တို့ကို ဖော်ပြခြင်း ဖြစ်သည်။ ဆာလံကျမ်း ရှိချီးမွမ်းခြင်းများသည် ဘုရားရှင်ထံသို့ ဦးတည်ပြီး စုပေါင်း၍ ချီးမွမ်းကြသည်။ ဘုရားရှင် ပြုပြီးသော ပြလျှက်ရှိသော ကျေးဇူးတော်များကို ပြန်လည် သုံးသပ်မိတိုင်း ကျွန်ုပ်တို့၏ ရင်တွင်းမှ ချီးမွမ်းခြင်းသည် အလိုအလျောက် ထွက်ပေါ်လာရသည်။
ဆာလံကျမ်းကို ဖတ်ရှုရာ၌ သတိပြုရမည်မှာ ဘုရားရှင်အား ချီးမွမ်းခြင်းသည် ပြုတော်မူခဲ့သော အရာများ (ဖန်ဆင်ခြင်း၊ ကောင်းကြီးမင်္ဂလာ၊ ခွင့်လွှတ်ခြင်း) များကိုသာမက ဘုရားရှင် ဖြစ်တော်မူသည့်အတိုင်း (ချစ်ခြင်း၊ မေတ္တာ၊ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ အပြစ်လွှတ်ခြင်း၊ သည်းခံခြင်း) စသည့် ဂုဏ်တော် ကြားနာရသူများအတွက် ကျေးဇူးချီမွမ်း ရေတွက်စရာများ ဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကို မည်မျှရေတွက် ချီးမွမ်းပြီးပြီနည်း။ ပြုတော်မူသော အရာတို့ ကို အခြားသူများအား မည်မျှဝေငှ သက်သေခံ ပြီးပြီနည်း။
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »