« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း၌ ခရစ်တော်နှင့်ပါတ်သက်၍ ညွှန်းဆိုထားမှုများ
ဂျူးလူမျိုးများနှင့် ခရစ်ယာန် ဘာသာဝင်တို့ ယုံကြည်ကြသည်မှာ ဆာလံကျမ်း များစွာတို့သည် မေရှိယ (Messiah) ကို ရည်ညွှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် မေရှိယသည် ဒါဝိဒ်၏ အမျိုးအနွယ် ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်တို့ သတိပြုမိ ကြသည်မှာ ခရစ်တော်၏ သက်တော်စဉ်နှင့် သေဆုံးခြင်းကို ဆာလံကျမ်း၌ ဖော်ပြထားခြင်းဖြစ်သည်။ ယေရှုကိုယ်တိုင် သည်ပင်လျှင် ဆာလံကျမ်းအား မကြာခဏ ရည်ညွှန်းပြောဆို ခဲ့သည်။ ယေရှုအား ကားတင်သော အချိန်၌ ဖြစ်ပျက်ခဲ့သော အရာများနှင့် ယေရှု၏ နောက်ဆုံးသော အချိန်၌ ပြောကြားခဲ့သည်များတို့ကိုလည်း ဆာလံကျမ်း၌ ပရောဖက် (Prophet) ပြုထားသည်။
ဆာလံကျမ်း | ခရစ်တော်အားရည်ညွှန်းချက် | ဓမ္မသစ်၌ပြည့်စုံခြင်း |
---|---|---|
၂း၇ | မေရှိယသည် ထာဝရဘုရား၏ သားဖြစ်လိမ့်မည် | ဟေဗြဲ ၁း၅-၆ |
၁၆း၈-၁၀ | သူသည်သေခြင်းမှ ထမြောက်လိမ့်မည် | လု ၂၄း၅-၇ |
၂၂း၁၀-၂၁ | သူသည်ကားတိုင်ပေါ်၌ ဝေဒနာခံစားရလိမ့်မည် | မ ၂၆-၂၇ |
၂၂း၁၅ | ရေငတ်တော်မူသည် | ယော ၁၉း၂၈ |
၂၂း၁၈ | အဝတ်တော်ကို စာရေးတံချလိမ့်မည် | မ ၂၇း၃၅၊ ယော ၁၉း၂၃-၂၄ |
၂၂း၂၅ | ဘုရှားရှင်၏နာမကို ချီးမွမ်းမည် | ဟေဗြဲ ၂း၁၂ |
၃၄း၂၀ | သူ၏အရိုးကိုမချိုးရ | ယော ၁၉း၃၆-၃၇ |
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »