« မာတိကာ အမှာစာ အခန်းကြီး ၁ ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အမှာစာ
ရှင်မဿဲခရစ်ဝင် ၁၉း၃၀ တွင် ယေရှုခရစ်တော်က ‘နောက်ကျသော သူများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူများတို့သည် နောက်ကျကြလိမ့်မည်’ ဟုမိန့်တော်မူခဲ့၏။
ယခုခေတ် ခရစ်ယာန်လောကကို တစေ့တစောင်း လေ့လာလျှင် ခရစ်တော်၏ မိန့်မှာချက်သည် ပြည့်စုံလျက် ရှိသည်ကို တွေ့ရမည်။ ခရစ်ယာန် ဘိုးဘွားမိဘ၊ ခရစ်ယာန် အိမ်ထောင်မှ ဆင်းသက်လာသော မိရိုးဖလာ ခရစ်ယာန်များသည် မိမိ၏ ဝိညာဉ် ကယ်တင်ခြင်း ရရှိပြီးသည်ကို အသိအမှတ်ပြုသော အသက်တာတွင်သာ ရပ်တန့်နေကြ၏။
ခရစ်ယာန် မျိုးရိုးမှ မဆင်းသက်၊ မိမိဘာသာ လမ်းကျောတစ်ခုခုမှ ခရစ်တော်ကို ထာဝရ အသက်ပေးသော အရှင် အပြစ်ကြွေးဆပ်ပေးသော အရှင်၊ မနေ့ ယနေ့ နောင်ကာလ ထာဝရ အသက်ရှင်တော်မူ၍ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်း သေချာစွာသဘောပေါက် သိရှိလာသော သူတို့ကား၊ ငြိမ်သက်စွာ မနေနိုင်ကြပါ။ မိမိတို့ သိရှိလိုက်သော ဝမ်းမြောက်ဘွယ် သတင်းစကာများကို၊ မပြောပြရလျှင် နေ၍ထိုင်၍ မရတော့ပါ။ သွားလေရာရာ၌ မိမိ အသက်တာ ပြောင်းလဲလာပုံ ကိုသော်၎င်း၊ ခရစ်တော်၏ မေတ္တာနှင့်ကယ်တင်ခြင်း ဆုကျေးဇူးအကြောင်းကို၎င်း၊ အားပါးတရပြောဆို သက်သေခံ လေ့ရှိကြ၏။ သူတို့၏ သက်သေခံချက်များကြောင့် လူပေါင်း မြောက်မြားစွာတို့သည် ခရစ်တော်ကို ထာဝရ အသက်ပေးမည့် မိမိ၏ အရှင်သခင်အဖြစ် လက်ခံလာကြ၏။ ဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုသို့ ကူးပြောင်းသွားသည် ဟူသော ကျဉ်းမြောင်းသည့် အမြင်များလည်း မရှိတတ်ကြတော့ပါ။ မိမိသေလျှင် ငရဲထဲကျမည့် အခြေအနေမှ ခရစ်တော်ကို ယုံကြည်လက်ခံ လိုက်သောကြောင့် ငရဲသို့သွားရန် အကြောင်းမရှိတော့ဘဲ၊ ကောင်းကင်နိုင်ငံတော် သို့သွားရန်သာ သေချာတော့ကြောင်း သိရှိလာတော့သည်။
အလျဉ်းသင့်၍ ကောင်းကင်နှင့် ငရဲအကြောင်းများကို ဖော်ပြလိုပါသည်။ ကောင်းကင်နိုင်ငံတော်သည် ထာဝရဘုရား၏ အုပ်စိုးမှုအောက်တွင်ရှိပြီး၊ ငရဲသည် စာတန်မာရ်နတ် အုပ်စိုးသော နိုင်ငံဖြစ်၏။