« Prev အမှာစာ အခန်းကြီး ၁ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အမှာစာ

ပေါလု (Paul) ၏ မူလ အမည်မှာ ရှောလု (Saul) ဖြစ်၏။ ခရစ်တော်၏ အသင်းတော်ကို လွန်စွာမှ မုန်းတီးသောသူဖြစ်၏။ သူသည် ဣသရေလ (Israel) လူမျိုး၊ ဗင်္ယာမိန် (Benjamin) အနွယ်မှ ဆင်းသက်လာ၏။ ဟေဗြဲ (Hebrew) လူစစ်စစ်ဖြစ်၏။ ကျမ်းတတ်ပုဂ္ဂိုလ် ဖာရိရှဲ (Pharisee) တစ်ယောက်ဖြစ်၏။ ပညတ်တရား၊ ဖြောင့်မတ်ခြင်းတရားနှင့် အသက်ရှင်၍ အပြစ်ကင်းသူအဖြစ် မိမိကိုယ်ကို ခံယူခဲ့၏။

ထက်မြက်သော ရှောလုသည် ခရစ်တော်၏ တပည့်တော်များကို ရန်သူကဲ့သို့ ထင်မှတ်လျက် အစဉ်ခြိမ်းခြောက်ခြင်းကို ပြု၏။ “ခရစ်ယာန်များကို အသေသတ်ရန် ပြင်းစွာအသက်ရှင်သူ” ဟု သမ္မာကျမ်းတွင် မှတ်တမ်းတင်ခံရ၏။

တစ်နေ့တွင် ရှောလုသည် ယေရုရှလင် (Jerusalem) မြို့တော်ရှိ ယဇ်ပုရောဟိတ် (Priest) မင်းထံ ဝင်၍ ဒမာသက်မြို့ (Damascus) ရှိ တရားဇရပ် (Synagogue) မှူးထံ စာတစ်စောင် ရေးစေ၏။ ထိုစာတွင် ဒမာသက်မြို့ရှိ ခရစ်ယာန်ဘာသာဝင် ယောက်ျား၊ မိန်းမ ဟူသမျှကို တွေ့သည့်နေရာတွင် ဖမ်းဆီးချည်နှောင်ပြီး ယေရုရှလင်မြို့သို့ ဖမ်းဆီး ခေါ်ဆောင်လာခွင့် ပေးရန်ဖော်ပြထား၏။

ရှောလုသည် ထိုအမိန့်စာကို ယူဆောင်လျက် အားရ ရွင်လန်းစွာဖြင့် ဒမာသက်မြို့ သို့သွား၏။ ထိုသို့သွားစဉ် ဒမာသက်မြို့ အနီးသို့ ရောက်သောအခါ၊ ကောင်းကင်မှ အလင်းသည် ရှောလု၏ ပတ်လည်၌ ရုတ်တရက်ပေါ်လာ၏။ ရှောလုသည် မြေကြီးပေါ်သို့ လဲကျသွားတော့၏။ ထိုအချိန်တွင် “ရှောလု၊ ရှောလု အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲသနည်း” ဟု သူ့အား စကားပြောသော အသံကို သူကြား၏။

ရှောလုကလည်း “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟုပြန်မေး၏။

သခင်ဘုရားကလည်း “ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။ သို့သော်လည်း ထ၍ မြို့သို့ဝင်လော့၊ သင်ပြုရမည့် အမှုကိုပြောမ” ဟု မိန့်တော်မူသံကို ကြားရ၏။

သခင်ဘုရား၏ အသံတော်ကို ပေါလုသာမက သူနှင့်အတူ လိုက်ပါလာသော မိတ်ဆွေများလည်း ကြားကြ၏။ ဘုရားသခင်၏ ကိုယ်ခန္ဓာကိုကား မည်သူမျှ မမြင်ကြပါ။ အားလုံးသည် မိန်းမောတွေဝေလျက် ရှိကြ၏။

Continue… » »


« Prev အမှာစာ အခန်းကြီး ၁ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.