« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၁
ရှင်ပေါလုနှင့်သူ၏ လုပ်ဘော်ဆောင်ဘက် များသည် အေ-ဒီ ၅၀ (AD 50) နွေဦးပိုင်းတွင် သက်သာလောနိတ်သို့ ရောက်ရှိခဲ့ကြသည်။ ပထမဦးဆုံး ခရစ်ယာန် အသင်းတော်ကို ထူထောင်နိုင်ခဲ့ ကြသော်လည်း ခြိမ်းခြောက်မူများကြောင့် အသက်ဘေးမှ လွတ်မြောက်ရန် ထိုမြို့မှ ရှောင်ထွက်ခဲ့ကြရသည် (တမန်တော် ၁၇း၁-၁၀)။
ကောရိန္တုမြို့ (Corinthians) တွင် ခေတ္တနားနေစဉ် ရှင်ပေါလုသည် တိမောသေ (Timothy) အား သက်သာလောနိတ်မြို့ (Thessalonica) သို့ ပြန်လည်စေလွှတ်ပြီး ခရစ်ယာန်များ၏ အခြေအနေကို လေ့လာစေခဲ့၏။ တိမောသေ ပြန်လာသောအခါ သက်သာလောနိတ် ခရစ်ယာန်များ၏ တည်ကြည်သော ယုံကြည်ခြင်းနှင့် စည်းလုံးညီညွတ်မှုရှိခြင်း သတင်းကောင်များကို ယူဆောင်လာခဲ့၏။
သို့သော် ခရစ်တော်ကို ယုံကြည်သည့်သက်တမ်း နုနယ်ကြသေး၍ ယုံကြည်ခြင်းနှင့် ပတ်သက်၍ မေးရန် မေးခွန်းများ ရှိနေကြ၏။ ရှင်ပေါလုနှင့် တွေ့ရသော အချိန်သည် တိုတောင်း၍ ၎င်းတို့ သိလိုသော မေးခွန်းများကို ရှင်ပါလု စုံလင်စွာ အဖြေပေးချိန် မရရှိခဲ့ပါ။ ထိုအခြေအနေထဲမှ ထပ်မံ၍ မေးရန် မေးခွန်းများ ပေါ်လာပြန်သဖြင့် ရှင်ပေါလုသည် ဤသက်သာလောနိတ် သြဝါဒစာကို ရေးရခြင်းလည်း ဖြစ်သည်။
သက်သာလောနိတ်မြို့ သည် ရောမနိုင်ငံတော်အောက် မာကေဒါနိပြည် (Macedonia) ၏ မြို့တော်ဖြစ်သည်။ လူဦးရေ၊ နှစ်သိန်းခန့် ရှိသည်။ ကူးသန်းရောင်းဝယ်ရေး အချက်အချာ ဒေသဖြစ်သောကြောင့်၊ လူမျိုးပေါင်းစုံ ဝင်ထွက်သွားလာ သည်နှင့်အတူ ဘာသာအယူဝါဒ အမျိုးမျိုးလည်း ရောနှောပါဝင်လာသည်။ ထိုအယူဝါဒများသည်လည်း ဝါနုခရစ်ယာန်များအား ဇဝေဇဝါဖြစ်စေခဲ့သည်။