« Prev အမှာစာ အခန်းကြီး ၁ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အခန်းကြီး ၁

၁း၁ ရှင်ပေါလု၏ လုပ်ဘော်ဆောင်ဘက်များမှာ သိလွှာနု (Silas) နှင့် တိမောသေ (Timothy) ဖြစ်ကြောင်းတွေ့ရ၏။ သခင်ယေရှုနှင့် ခမည်းတော် ဘုရားထံမှ ငြိမ်သက်ခြင်း ဆုကျေးဇူး သက်သာလောနိတ် အသင်းသားများ အပေါ်တွင်တွည်ရှိရန် ဆုတောင်းမေတ္တာ ပို့ခြင်းဖြစ်သည်။

၁း၂-၄ သက်သာလောနိတ်ရှိ ခရစ်ယာန် ယုံကြည်သူ အသစ်များ၏ ယုံကြည်သောစိတ်နှင့် အကျင့်ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း တို့အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြောင်း ဖေါ်ပြထားသည်။

၁း၅ ဧဝံဂေလိ တရားသည် တန်ခိုးနှင့်ပြည့်စုံကြောင်း ထင်ရှား၏။ သက်သာလောနိတ်မြို့သားများသည် ဧဝံဂေလိတရားကို နာပြီးသော် အသက်တာ ပြောင်းလဲသွားကြ၏။ ခရစ်ယာန် တရားသည် နာ၍ကောင်းသော တရားကောင်း တစ်ပုဒ်မဟုတ်ပါ။ ဧဝံဂေလိတရားသည် ကြားရသူတို့၏ အသက်တာကို အမှန်ပင်ပြောင်းလဲ ပေးနိုင်သော တန်ခိုးနှင့် ပြည့်သည့် တရားဖြစ်ပေသည်။ ဧဝံဂေလိတရားကို ဟောပြောသော ရှင်ပေါလု (Paul)၊ သိလွှာနု (Silas)၊ တိမောသေ (Timothy) တို့သည် မိမိတို့ဟောသည့် တရားတော်အတိုင်း လက်တွေ့အသက်ရှင် နေထိုင်သွားသည်ကိုလည်းတွေ့ရ၍ သက်သာလောနိတ်မြို့သားများအတွက် အားရဘွယ်၊ အတုယူလိုဘွယ် ဖြစ်ခဲ့ရ၏။

၁း၆ ဧဝံဂေလိ သတင်းစကားကို ဝမ်းမြောက်စွာ လက်ခံသော သူများအား ယုဒလူမျိုးများနှင့် တစ်ပါးအမျိုးသားတို့က ညှဉ်းဆဲသတ်ဖြတ်ကြသည် (တမန်တော် ၁၇း၅)။ ဆင်းရဲခြင်းအမျိုးမျိုး ခံရသော်လည်း ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်း၊ တမန်တော်များနည်းတူ နှုတ်ကပတ်တော် တရားတော်ကို ခံယူကြသောကြောင့်၊ ရှင်ပေါလုတို့၏ တပည့်လည်း ပီသပေ၏။ ဘုရား၏သားတော် အစစ်များလည်း ဖြစ်ကြပေ၏ဟု ရှင်ပေါလုချီးမွမ်းစကား ပြောခြင်းဖြစ်သည်။

Continue… » »


« Prev အမှာစာ အခန်းကြီး ၁ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.