« Prev အမှာစာ ၁ အခန်းကြီး ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၂
၂း၃ ရှင်ပေါလုတို့သည် ဧဝံဂေလိတရားတည်းဟူသော ခရစ်တော်၏ ကယ်တင်ခြင်းတရားကို ဟောရာ၌ မှားယွင်းခြင်းအမှုကို ပြုရန်တိုက်တွန်းခြင်း မဟုတ်ပါ။ ညစ်ညူးသော ခံယူချက်တစ်ခုကို ရယူစေရန်လည်း မဟုတ်ပါ။ လိမ်လည်လှည့်ဖြားသော နည်းပရိယာယ်များကို သုံးပြီး ဆွယ်တရား မဟောကြပါ။ ဖြူစင်ရိုးစင်းသော စေတနာစိတ်နှင့် ဟောကြားခဲ့ခြင်းသာ ဖြစ်သည်။ ခရစ်ယာန်တိုင်းလည်း မိမိနှစ်သက်မြတ်နိုး စေတနာထားသော လူသားများအား ခရစ်တော်၏ ကယ်တင်ခြင်းအကြောင်းကို ပြောပြလိုလျှင် ဖြူစင်ရိုးသားပြီး စေတနာမေတ္တာအပြည့်အဝနှင့် ဝေမျှပြောပြ ရန်သာဖြစ်သည်။
၂း၎ ဧဝံဂေလိတရားသည် ဘုရားသခင်၏ အပြစ်သားများကို ကယ်တင်ခြင်း တရားဖြစ်၍ လူနှင့် မသက်ဆိုင်ပါ။ ထိုတရားကို ဟောရန် ဘုရားသခင်သည် လူကိုအသုံးပြုမည် ဖြစ်သော်လည်း လူသည် မိမိစိတ်တိုင်းကျ ထိုတရားကို ပြောင်းလဲကာ လှည့်ဖျားသည့် သဘောနှင့် ဟော၍ မရပါ။ ဘုရားသခင်၏ စိတ်ကို နှစ်သက်စေသည့်အတိုင်းသာ ဟောရန်ဖြစ်သည် မေတ္တာစေတနာနှင့် ဟောပြောသက်သေခံရန် ခရစ်ယာန်တို့ကို ခရစ်တော်သည် တာဝန်ပေးထား၏။ ခရစ်တော် ကိုယ်တော်တိုင် မိန့်မှာတော်မူခဲ့သည်မှာ ‘… ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောာင်တော် မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။’ (ယော ၆း၄၄) ဟူ၍ဖြစ်သည်။
ယေရှုခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ဟောကြားသော သူတို့သည် မိမိကိုယ်ကို ချီးမြှင့်ရန်၊ မာန်မာနထောင်လွှားရန်၊ ဂုဏ်ယူဝင့်ကြွားရန်၊ နာမည်ကြီးရန်၊ အလို့ငှါ မဆောင်ရွက်မိရန် ကောရိန္တု (Corinthians) အသင်းသားများအား ရှင်ပေါလု သတိပေးသည့် စကားကိုလည်း အလေးဂရုပြုရန် လိုပါသည်။
‘ငါသည် စိုက်ပျိုးသောသူ ဖြစ်၏။ ရှင်ပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နီုင်၊ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏’ (၁ ကော ၃း၆-၇)။