« Prev အမှာစာ ၁ ၂ အခန်းကြီး ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၃
၃း၆-၁၀ ရှင်ပေါလု၏ သြဝါဒ မေတ္တာစာကို ယူသွားပေးသော တိမောသေသည် သက်သာလောနိတ်မြို့မှ ပြန်လာသောအခါ၊ သက်သာလောနိတ် ယုံကြည်သူများ၏ တည်ကြည်သော စိတ်ဓာတ်နှင့် ဒုက္ခဆင်းရဲကို ခံစားတွေ့ကြုံ သိရှိရသော်လည်း ရှင်ပေါလုတို့ကို အစဉ်မပြတ် လွမ်းဆွတ် သတိရလျက်နေကြောင်း သိရသောကြောင့် ထိုသူတို့၏ မျက်နှာကို မင်ယောင်မိ၍ သူတို့၏ ယုံကြည်ခြင်းကို သာ၍ ခိုင်မာစေရန် နေ့ညဥ့်မပြတ် ဆုတောင်း ပေးလျကရှိကြောင်း တွေ့ရသည်။
ကျွန်ုပ်တို့ နေ့စဉ် ဆုတောင်းသည့် အသက်တာ၌ မိမိတို့ အလိုရှိရာကိုသာ တောင်းလေ့ရှိသော အလေ့အထမှ ယုံကြည်သူ အချင်းချင်းတို့ အဖို့ အစဉ်မပြတ် ဆုတောင်းပေးရန်လည်း လိုအပ်ကြောင်း သတိပြုသင့် ပါသည်။
၃း၁၁-၁၂ ရှင်ပေါလုသည် သက်သာလောနိတ်သို့ ပြန်လာလိုကြောင်း တွေ့ရသည်။ သို့သော် ရှင်ပေါလု ပြန်ဖြစ်သည် မပြန်ဖြင့်သည်ကို သမ္မာကျမ်းတွင် မတွေ့ရပါ။ တမန်တော် ၂၀း၎ တွင် အာရှိပြည် (Asia) သို့ သွားသော သာသနာပြု ခရီးစဉ်၌ သက်သာလောနိတ်မြို့သား အရိတ္တာဥနှင့် သေကုန္ဒုတို့ ပါကြောင်းတွေ့ရသည်။
သခင်ခရစ်တော်သည် မိမိ၏ သန့်ရှင်းသူများနှင့် အတူ ဒုတိယအကြိမ် ကြွလာတော် မူသောအခါ၊ ယုံကြည်သူ အားလုံးနှင့် အတူ သက်သာလောနိတ် အသင်းသားများလည်း ပါဝင်ရန် ၎င်းတို့၏ စိတ်နှလုံးကို အစဉ်ဖြူစင်သန့်ရှင်းစွာ ထားကြရန် ရှင်ပေါလု သတိပေးသည်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော အသက်တာဖြင့် အချင်းချင်း ဆက်ဆံနေထိုင်ကြရန် သွန်သင်ဆုံးမသည်။
ကျွန်ုပ်တို့ အသက်တာ၌ ဘုရား၏ မေတ္တာကိုကြွယ်ဝစွာ ခံစားရလျှင်၊ အခြားသူများသည် ကျွန်ုပ်တို့ အထဲ၌ ရှိသော ဘုရားသခင်၏ မေတ္တာကို မြင်မည်သာဖြစ်၏။