« Prev အမှာစာ အခန်းကြီး ၄ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အခန်းကြီး ၎

၎း၁ ရှင်ပေါလုတို့၏ ကောင်းသော ပုံသက်သေကိုကြည့်ကာ သက်သာလောနိတ် အသင်းသားများ နေထိုင်ကြသည် ဖြစ်၍ ထိုထက်​ကြွယ်ဝပြည့်စုံစွာ နေကြရန် ရှင်ပေါလုသည် ယေရှု၏နာမ၌ ဆက်လက် တိုက်တွန်း၏။

၎း၂-၈ ရှင်ပေါလုတို့ ပေးခဲသမျှသော ပညတ်တို့သည် သခင်ယေရှု၏ စိတ်တော်နှင့် ညီညွတ်၏။ အထူးသဖြင့် မတရားသော မေထုန်ကို ရှောင်ကျဉ်ရန် ဖြစ်သည်။ ဘုရားသခင်ကို ရှောင်ကျဉ်ရန် ဖြစ်သည်။ ဘုရားသခင်ကို မသိသော လူများသည် ကိလေသာ တပ်မက်ခြင်း ရှိသကဲ့သို့ ယုံကြည်သူ ခရစ်ယာန်များ မနေထိုင် သင့်ကြောင်း၊ အသရေတင့်တယ်စွာ နေထိုင်သင့်ကြောင်း မိမိကိုယ်ကို ထိန်းသိမ်းတတ်သင့်ကြောင်း သတိပေး၏။ ထိုအပြစ်များကို ကျူးလွန်သော သူအား ဘုရားသခင် တရားစီရင်မည် ဖြစ်ကြောင်း သတိပေးထားသည်။

ယုံကြည်သူတို့ကို ဘုရားသခင် ခေါ်တော်မူခြင်းမှာ ညစ်ညူးကြရန်မဟုတ်၊ သန့်ရှင်းကြရန်ဖြစ်၏။ ယုံကြည်သူသည် သန့်ရှင်းစွာ အသက်ရှင်မှုကို ငြင်းပယ်လျှင် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငြင်းပယ်ရာရောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ငြင်းပယ်လျှင် ဘုရားသခင်ကို ငြင်းပယ်ခြင်းလည်း ဖြစ်၏။

၎း၉-၁၂ ညီအစ်ကိုချင်း၊ ချစ်ခြင်းမေတ္တာ ထားခြင်းအရာ၌ သက်သာလောနိတ် အသင်းသားများအား ရှင်ပေါလုပြောရန် အကြောင်း မရှိခဲ့ပါ။ အကြောင်းမူကား ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ ရှိကြောင်း တွေ့ရ၏။ ဘုရားသခင် ဆုံးမသွန်သင် သည့်အတိုင်း နေကြသည်ဟုဆိုနိုင်၏။

သက်သာလောနိတ် အသင်းသား အချင်းချင်းသာမက၊ မာကေဒေါနိပြည် (Macedonia) ရှိ ယုံကြည်သူများကိုလည်း ချစ်ခင်မြတ်နိုးမှုကို ပြကြ၏။ ထို့ကြောင့် ငြိမ်ဝပ်စွာဖြင့်၊ ကောင်းမွန်စွာ ဆက်လက်ကြိုးစား လုပ်ကိုင်နေထိုင် သွားကြရန် ရှင်ပေါလု တိုက်တွန်း၏။

Continue… » »


« Prev အမှာစာ အခန်းကြီး ၄ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.