❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၁

၁း၈ ‘ယေရှုခရစ် အားဖြင့် ငါ၏ ဘုရားသခင် ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏’ ဟု ပေါလုရေးသား ခဲ့ခြင်းသည် ခရစ်တော်သည်သာ လူနှင့် ဘုရားရှင်ကြား၌ တစ်ဦးတည်းသော ဆက်သွယ်မှုဖြစ်ကြောင်း ပေါ်လွင်စေလို၍ ဖြစ်သည်။ ခရစ်တော်အားဖြင့် ဘုရားရှင်၏ မေတ္တာတော်နှင့် ခွင့်လွတ်ခြင်းကို ကျွန်ုပ်တို့ခံစားရ သကဲ့သို့ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင်အား ကျေးဇူးတင်နိုင်သည် (၁ တိ ၂း၅)။

၁း၈ ရောမခရစ်ယာန်တို့သည် သိသာထင်ရှားသော ဂုဏ်အသရေနှင့် ပြည့်ဝသောခိုင်မာသည့် ယုံကြည်ခြင်း ရှိသော သူများဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းလုံးက သိပါသည်။ လူတို့သည် သင်၏ အသင်းတော်၊ သင်၏ ဂိုဏ်းဂဏနှင့် ပတ်သက်၍ မည်သို့ပြောဆို နေကြသနည်း။ သူတို့၏ ပြောဆိုမှုများသည် တိကျမှုရှိပါသလား။ သင်၌ရှိသော အသွင်သဏ္ဍာန်ကို သူတို့ သတိပြုမိ ပါသလား။ အခြားသူများအား သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင် မည်နည်း။

၁း၉-၁၀ သင်အစဉ်အမြဲ ဆုတောင်း နေသောအရာများအား သင်ဖြစ်စေလိုသော နည်းလမ်းဖြင့် ဘုရားရှင်သည် ဖြစ်ပေါ်စေ လိမ့်မည်ဟူ၍ အစဉ်အမြဲ မယုံကြည်ပါနှင့်။ ပေါလုသည် ရောမရှိ ခရစ်ယာန်များအား သင်ကြားမှု ပြုနိုင်ရန်အတွက် ရောမမြို့သို့ သွားရောက်ရန် ဆုတောင်း ခဲ့သည်။ သို့သော် သူသည် ရောမမြို့သို့ အကျဉ်းသား ဘဝဖြင့် ရောက်ရှိခဲ့သည်။ (တမန် ၂၈း၁၆) ပေါလုသည် လုံခြုံသောခရီးစဉ်ကို ဆုတောင်းခဲ့သောကြောင့် ရောမမြို့သို့ လုံခြုံစွာရောက်ရှိခဲ့သော်လည်း ရောမမြို့သို့ မရောက်မီ ဖမ်းဆီးခြင်း၊ မျက်နှာအား ရိုက်ပုတ်ခြင်း၊ သင်္ဘောပျက်ခြင်း၊ အဆိပ်ရှိသောမြွေဆိုး ကိုက်ခြင်းတို့ကို ခံခဲ့ရသည်။ ဘုရားရှင်ပေးသော အဖြေတို့သည် ကျွန်ုပ်တို့မျှော်လင့် ထားသကဲ့သို့ ဖြစ်ချင်မှ ဖြစ်သည်။ သင်သည် စင်ကြယ်သောစိတ်ဖြင့် ဆုတောင်းလျှင် သင့်ကို ဘုရားရှင်က အဖြေပေးသည်။ သို့သော် ဘုရားရှင်၏ သတ်မှတ်ထားသော အချိန်၌ ကျွန်ုပ်တို့ မမျှော်မှန်း ထားသော နည်းးလမ်းများဖြင့် အဖြေပေးတတ်ကြောင်း ကိုသတိပြုပါ။

၁း၁၁-၁၂ ရောမမြို့ ခရီးစဉ်အတွက် ပေါလုဆုတောင်း ရသော ရည်ရွယ်ချက်မှာ သူ၏ယုံကြည်ခြင်း ဆုကျေးဇူးဖြင့် ထိုမြို့ရှိ လူများကိုအားပေးရန်နှင့် ထိုသူတို့၏ အားပေးမှုကို ခံယူရန်ဖြစ်သည်။ ဘုရားရှင်၏ စေတမန် ဖြစ်သည့် အားလျော်စွာ ပေါလုသည် ယေရှု၏ ဧဝံဂေလိ သတင်းကို သဘောပေါက်အောင် ကူညီနိုင်ခဲ့သည်။ ဘုရားရှင်၌ ကြည်ညိုသော ရောမမြို့သားများမှလည်း ပေါလုကို မိတ်သဟာယပြု၍ နှစ်သိမ့်မှုပေးနိုင်မည်။ ခရစ်ယာန်ဘာသာဝင်တို့သည် စုရုံးကြသောအခါ၌ ပေးကမ်းခြင်း၊ ရယူခြင်းတို့ကို ပြုလုပ်ရမည်။ ကျွနု်ပ်တို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် အချင်းချင်း နှစ်သိမ့် အားပေးလိုသော စိတ်ကိုဖြစ်စေသည်။

၁း၁၃ တတိယသာသနာပြုခရီးစဉ် ပြီးဆုံးပြီးနောက်တွင် ပေါလုသည် (ဆီးရီးယား(Syria)၊ ဂလာတိ(Galatians)၊ အာရှ (Asia)၊ မာကေဒေါနိ (Macedonia)၊ အာခိ) မြို့များသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ထိုနေရာရှိ အသင်းတော်များသည် တပါးအမျိုးသား အများစုဖြင့် ဖွဲ့စည်းထားသည်။

၁း၁၄ ‘ဟေလသ (Hail) လူဖြစ်စေ၊ လူရိုင်းဖြစ်စေ’ ၏ ဆိုလိုချက်မှာ ဂရိ (Greece) ယဉ်ကျေးမှုအတွင်း၌ ရှိသောသူ၊ ဂရိယဉ်ကျေးမှု ပြင်ပ၌ ရှိသောသူကို ဆိုလိုသည်။ ပေါလု၏ ခံယူချက်မှာ အဘယ်နည်း။ ဒမာသက်မြို့ (Damascus) သို့ သွားစဉ်တွင် ခရစ်တော်နှင့် တွေ့ပြီးနောက်ပိုင်း ပေါလု၏ အသက်တာသည် ဧဝံဂေလိ ကယ်တင်ခြင်း တရားကို ပြန့်ပွားစေခြင်း၌သာ အချိန်ကုန်လွန်စေခဲ့သည်။ ပေါလုအား ကယ်တင်ရန် ခရစ်တော်၌ တာဝန်ရှိသည်ဟု သူခံယူသကဲ့သို့ ဧဝံဂေလိတရား ပြန့်ပွားအောင် လုပ်ဆောင်ရန် သူ၌ တာဝန် ရှိသည်ဟု ပေါလုခံယူသည်။ ထိုခံယူချက်ကို ပြည့်မီရန်အတွက် ပေါလုသည် ခရစ်တော်၏ ကယ်တင်ခြင်းတရားကို လူအားလုံး (ဂျူးနှင့် တပါးအမျိုးသားများ ယဉ်ကျေးမှု၊ လူနေမှု အဆင့်အတန်း၊ အမျိုးအနွယ်၊ စီးပွားရေး အဆင့်အတန်း ခွဲခြားမှုများကို ကျော်လွှား၍ လူသားအားလုံး) အား ပြောကြားခဲ့သည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်၌ ကျရောက်မည့်အပြစ်၏ အဖိုးအခကို ခံယူသွားသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်ပေါ်၌ ပေါလုကဲ့သို့ ခံယူချက်ရှိရမည်။ ဘုရားရှင်က ကျွန်ုပ်တို့အတွက် ပြုတော်မူသော အရာအားလုံးကို ကျွန်ုပ်တို့က ပြန်၍မပေးဆပ်နိုင် စေကာမူ ကျွန်ုပ်တို့မှ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာဖြင့် အခြားသူများအား ချစ်ခြင်းသည် ဘုရားရှင်အား ကျေးဇူးတင်ကြောင်း ပြရာရောက်သည်။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.