❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၁

၁း၂၃ မဖောက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက် ဖောက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက် အစရှိသော တွားတတ်သော တိရစ္ဆာန်၏ ရုပ်တုတို့ကို ဘုရားသခင်၏ အရာ၌ ချီးမြှောက် ကြ၏ဟု ပေါ်လုက ရေးထားခြင်းသည် ကမ္ဘာဦးကျမ်းရှိ အာဒံ၏ ဖောက်ပြန်ကျဆင်း မှုနှင့် နှိုင်းယှဉ်ထားခြင်းကြောင့် ဖြစ်သည် (ကမ္ဘာ ၁း၂၀-၂၆)။ ကျွနု်ပ်တို့သည် ဖန်ဆင်းရှင်ကိုမကိုးကွယ်ဘဲ ဖန်ဆင်းထားသော အရာတို့ကို ကိုးကွယ်သောအခါ၌ ကျွနု်ပ်တို့၏ အဆင့်အတန်းသည် နိမ့်ကျသွားသည်။ အမှန်အားဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား သူ၏သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားပြီး ဖန်ဆင်းထားသော အရာအားလုံးထက် ပို၍မြင့်မြတ်စွာထားရှိသည်။

၁း၂၄-၃၂ ထိုသူတို့က ဘုရားရှင်အား ပစ်ပယ်ခြင်းကို ရွေးချယ်သောကြောင့် ဘုရားရှင်သည် ထိုသူတို့အား မိမိတို့ရွေးချယ်သည့်အတိုင်း ဖြစ်စေသည်။ ဘုရားရှင်သည် သူ၏အလိုနှင့် ဆန့်ကျင်သော ကျွန်ုပ်တို့၏ ရွေးချယ်မှုများကို အစဉ်အမြဲ တားဆီးလေ့မရှိပါ။ ထိုကဲ့သို့ အလိုတော်နှင့် ဆန့်ကျင်စွာ ရွေးချယ်ခြင်းကြောင့် နောင်တွင် ထိုရွေးချယ်မှု၏ ကျေးကျွန်ဖြစ်သွားမည်ကို သိရှိသော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့အား လွတ်လပ်စွာ ရွေးချယ်ခြင်းကို ခွင့်ပြုသည်။ ထိုအခါ၌ ကျွန်ုပ်တို့သည် အပြစ်မလုပ်ခြင်းကို ရွေးချယ်နိုင်သည့် လွတ်လပ်စွာ ရွေးချယ်ခွင့်သည် ဆုံးရှုံးသွားရသည်။ အပြစ်မလုပ်လိုသော်လည်း အပြစ်မလုပ်ခြင်းကို မရွေးချယ်နိုင်အောင်ရှိသည်။ ဘုရားရှင်မရှိသော အသက်တာကို လွတ်လပ်သော အသက်တာဟု ထင်ပါသလား။ သေချာစွာ လေ့လာကြည့်သောအခါ၌ အပြစ်၏ ကျေးကျွန်ဖြစ်ရခြင်းလောက် ဆိုးရွားသော အရာတစ်ခုမျှ ဤလောကတွင်မရှိပါ။

၁း၂၅ လူတို့သည် မိမိတို့ တစ်ကိုယ်ကောင်းဆန်စွာ ယုံကြည်ထားသော ယုံကြည်ချက်များကို အထောက်အပံ့ ပေးသည့် လိမ်လည်မှုများအား ယုံကြည်လေ့ရှိသည်။ ယနေ့ အချိန်အခါ၌ ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို ဖြစ်ပေါ်စေသော အရင်းအမြစ်ကို အထူးသတိထားရမည်။ တီဗွီ (TV)၊ သီချင်း၊ ရုပ်ရှင်နှင့် အခြားသော ဆက်သွယ်ရေး လမ်းကြောင်းများသည် အပြစ်နှင့်ပြည့်ဝသော အသက်ရှင်မှု၊ မှားယွင်းသော တန်ဖိုးထားမှုများကို ဖော်ပြလေ့ရှိသည်။ ထိုကဲ့သို့ ကျမ်းစာနှင့်ဆန့်ကျင်သည့် အတွေးအခေါ် များသည် ကျွန်ုပ်တို့အား အစဉ်လှုံ့ဆော်လေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ချက် ထင်မြင်ယူဆချက် များကို ချမှတ်ရာ၌ လွန်စွာသတိထားရမည်။ ကျမ်းစာကိုသာ ကျွန်ုပ်တို့အတွက် စံပြုထိုက်သည်။ သင်၏ ထင်မြင်ယူဆချက် အားလုံးကို ကျမ်းစာတော်၌ သင်ကြားထားသော အရာများနှင့် ချင့်ချိန်ရပေမည်။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.