❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၆
၆း၁-၄ လူအချို့တို့မှ ‘ဘုရားသခင်၏ သားများ’ သည် ကျဆုံးသော ကောင်းကင်တမန်များ ဟုဆိုသည်။ ‘ဘုရားသခင်၏ သားများ’ သည် ကောင်းကင်တမန်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်တမန်သည် အိမ်ထောင်ပြုခြင်း၊ မွေးဖွားခြင်းမပြုပါ (မဿဲ ၂၂း၃၀၊ အာကု ၁၂း၂၅)။ အချို့တို့က ကာဣန (Cain) ၏ မကောင်းသော မျိုးနွယ်စုနှင့် အိမ်ထောင်ပြုသော ရှေသ (Seth) ၏ မျိုးနွယ်စုဟုလည်း ဆိုသည်။ ထိုသို့ အိမ်ထောင် ပြုခြင်းသည် ယုံကြည်သောသူ၏ ကောင်းသော အရှိန်အဝါကို လျော့နည်းစေပြီး ကမ္ဘာကြီး၏ သီလမဲ့မှုကို တိုးပွားစေလျက် မကောင်းမှုကို တိုးပွားပေါက်ကွဲခြင်းကို ဖြစ်စေသည်။