❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၁
၁း၆-၇ ပေါလုမှပြောထားသည်မှာ ခရစ်ယာန်ဖြစ်လာသော သူတိုင်းအား ဘုရားရှင်သည်
(၁) ဘုရားရှင်၏ မိသားစုဝင်အဖြစ်
(၂) သန့်ရှင်းသော အရာအဖြစ် (သန့်ရှင်းသူဖြစ်ရန် မိမိတို့အလိုကို ဖယ်ရှားလျက် ဘုရားရှင် အမှုတော်မြတ်၌ ဆက်ကပ်သူဖြစ်ရန်) ခန့်ထားလျက်ရှိသည်။
ခရစ်ယာန်ဖြစ်ရခြင်းသည် မည်မျှကောင်းမွန်ပါသနည်း။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မိသားစုဝင် ဖြစ်သောကြောင့် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားရလျက် ကြီးမြတ်သော အမွေကို လက်ခံရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အလုံးစုံတို့ကို ပြုတော်မူခဲ့ပြီး ဖြစ်သောကြောင့် ကျွန်ုပ်တို့ကလည်း သူ၏ သန့်ရှင်းသော လူမျိုးများဖြစ်ရန် ကြိုးစားဖို့ လိုအပ်သည်။
၁း၆၊ ၁၂ ပေါလုသည် ရောမခရစ်ယာန်များအား ချစ်ခြင်းကိုဖော်ပြသည့်အနေဖြင့် ဘုရားရှင်မှ ထိုသူတို့အပေါ် ထားရှိသော ချစ်ခြင်း၊ သူ၏ ရောမခရစ်ယာန်တို့အား အသိအမှတ်ပြုခြင်း၊ ဆုတောင်းပေးခြင်းတို့အားဖြင့် ဖော်ပြခဲ့သည်။ သင်၏ အသက်တာသည် အခြားသူတို့၏ အသက်တာ၌ အကျိုးသက်ရောက်မှု ရှိရန်မှာ သင်သည် ထိုသူတို့အား ချစ်တတ်ရန်၊ ယုံကြည်တတ်ရန်လိုသည်။ ပေါလု၏ ထိုသူတို့၏အပေါ် သင်ကြားပေးလိုစိတ်သည် ထိုသူတို့အား ချစ်ခြင်းမှ အစပြုခဲ့သည်။ သင်၏ ခရစ်ယာန်ညီအစ်ကို မောင်နှမများ အတွက်ကြောင့် သင်သည် ဘုရားရှင်အား ချီးမွမ်းကြောင်း၊ သင်က သူတို့ကို မည်မျှဂရုစိုက်ကြောင်း သိစေပါ။
၁း၇ ရောမမြို့သည် ရောမအင်ပါယာ (Roman Empire) ၏ မြို့တော် ဖြစ်သည်။ ရောမအင်ပါယာသည် ဥရောပ (Europe) အရှေ့ပိုင်း ဒေသအနီးနှင့် အာဖရိကမြောက်ပိုင်း (Northern Africa) အထိ ကျယ်ပြန့်သည်။ ဓမ္မသစ်ကာလ၌ ရောမမြို့သည် ရွှေရောင်လွှမ်းသော ကာလဖြစ်သည်။ ကြွယ်ဝချမ်းသာမှု၊ အတတ်ပညာ၊ အနုပညာတို့ဖြင့် ပြည့်စုံလျက်ရှိသည်။ ထိုမြို့သည် ယဉ်ကျေးမှု၌ ဗဟိုကျသကဲ့သို့ အကျင့်စာရိတ္တ ပျက်ပြားသော နေရာလည်းဖြစ်သည်။ ရောမလူမျိုးတို့သည် များစွာသော အခြားသော ဘုရားများကိုလည်းကောင်း၊ အချို့သော အင်ပါယာပြည့်ရှင်များကို လည်းကောင်း ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ ရောမလူမျိုးများနှင့် ခရစ်ယာန်တို့ကို နှိုင်းယှဉ်သောအခါ ခရစ်ယာန်တို့သည် တစ်ပါးတည်းသော ဘုရားကိုသာ ဝတ်ပြုကိုးကွယ်ပြီး ဘုရားရှင်၏ အကျင့်သိက္ခာ အဆင့်အတန်းနှင့် အသက်ရှင်ကြသည်။
၁း၇ ရောမလူမျိုးတို့သည် စစ်အင်အားအပေါ်၌ အမှီပြုကြသည်။ ယုံကြည်ခြင်းနှင့် ခရစ်ယာန်ဘာသာ သက်ဝင် ယုံကြည်မှုတို့သည် အရာမရောက်ဟု ထင်ကြသည်။ ရောမတို့သည် လက်တွေ့အားဖြင့် နုံအသူများဖြစ်သည်။ သူတို့သည် မည်သည့်နည်းဖြင့်မဆို ပေးထားသောတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် ကောင်းသောအရာ ဖြစ်သည်ဟု ယုံကြည်သည်။ သူတို့အတွင်း ကာယခွန်အား ကြီးမားမှုသာလျင် အကောင်းဆုံးဖြစ်သည်။ သူတို့၏ စစ်အင်အားသည် မည်သည့် ရန်သူကိုမဆို ကာကွယ်နိုင်သည်ဟု အပြည့်အဝ ယုံကြည်မှုရှိသည်။ ခရစ်ယာန်တို့က ဘုရားရှင်ကသာ ကျွန်ုပ်တို့၏ ထာဝရလုံခြုံမှုကို ပေးနိုင်သော၊ ထာဝရကယ်တင်ခြင်းကို ပေးနိုင်သော အရှင်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏အဖလည်း ဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯