❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၆
၆း၆ အပြစ်၏ တန်ခိုး၊ အဖိုးအခသည် ခရစ်တော်နှင့် အတူတကွ လက်ဝါးကပ်တိုင်၌ သေဆုံးပြီးဖြစ်သည်။ ကျွန်ုပ်တို့၏ ‘လူဟောင်း’၊ အပြစ်ပြုလိုသော သဘောသည် ထာဝရ သေဆုံးသွားပြီးပြီ ဖြစ်သောကြောင့် ထိုသဘော၏ ထိန်းချုပ်မှုမှ ကျွန်ုပ်တို့သည် လွတ်လျက်ရှိသည်။ ‘အပြစ်တရား၏ ကိုယ်’ သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို မဆိုလိုဘဲ ကျွန်ုပ်တို့၏ အာဒံ (Adam) မှ အမွေရခဲ့သော မနာခံမှု၊ အပြစ်ကို မြတ်နိုးမှုအား ဆိုလိုသည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် အပြစ်ပြုလိုသော သဘောနှင့် ပူးပေါင်းလုပ်ဆောင်လေ့ ရှိသော်လည်း ကျွန်ုပ်တို့သည် မိမိကိုယ်ခန္ဓာကို မကောင်းသော အရာအဖြစ် မရှုမြင်ရပါ။ ကျွန်ုပ်တို့ အတွင်းရှိ အပြစ်သည်သာ မကောင်းသော အရာဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာ အတွင်း၌ရှိသော အပြစ်၏ တန်ခိုးသည် ရှုံးနိမ့်သွားခြင်းဖြစ်သည်။ ပေါလုမှ ဖော်ပြထားပြီး ဖြစ်သည့်အတိုင်း ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင် ရှေ့တော်၌ အပြစ်ကင်းသော သူများဖြစ်သည်။ ဤကျမ်း၌ ပေါလုမှ အလေးထား ဖော်ပြထားသည်မှာ ကျွန်ုပ်တို့သည် အပြစ်တရား၏ လွှမ်းမိုးမှု တန်ခိုးအောက်၌ ဆက်လက် နေရန် မလိုတော့ပေ။ ဘုရားရှင်သည် ကျွန်ုပ်တို့အား ဤကမ္ဘာမှ ထုတ်ယူ၍ စက်ရုပ်များကဲ့သို့ မဖြစ်စေပါ။ အပြစ်ပြုလိုသော သဘောသည် ကျွန်ုပ်တို့အတွင်း၌ ရှိလျက်ရှိပြီး တစ်ခါတစ်ရံ၌ အပြစ်ပြုမိပေလိမ့်မည်။ အသက်တာ အသစ်နှင့် အသက်တာအဟောင်း ကွာခြားချက်မှာ ကယ်တင်ခြင်းကို မရမီအချိန်၌ ကျွန်ုပ်တို့သည် အပြစ်၏ ကျေးကျွန်များ ဖြစ်နေကြရသော်လည်း ယခုအခါ၌ ခရစ်တော်အတွက် အသက်ရှင်ခြင်းကို ရွေးချယ်လာနိုင်သည် (ဂလာတိ ၂း၂၀)။
၆း၈ ခရစ်တော်သည် သေခြင်းမှ ထမြောက်သောကြောင့် ယုံကြည်သူများလည်း သေခြင်းကို ကြောက်ရွံ့ရန်မလိုပါ။ ယင်းသို့သိခြင်းသည် ကျွန်ုပ်တို့အား ဘုရားရှင်နှင့် လွတ်လပ်ပျော်ရွှင်စွာ မိတ်သဟာယပြုခြင်း၊ ဘုရားရှင်၏ အလိုတော်အတိုင်း လုပ်ဆောင်ခြင်းတို့ကို ဖြစ်စေသည်။ ယင်းသို့သိခြင်းသည် ကျွန်ုပ်တို့နေ့စဉ် လုပ်ဆောင်မှုများ (ဝတ်ပြုခြင်း၊ အသက်မွေး ဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်ခြင်း၊ ဆော့ကစားခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ အခြားသူများအား ကူညီခြင်း) အပေါ်၌ အကျိုးသက်ရောက်မှုရှိသည်။ သင်သည်သေခြင်းကို ကြောက်ရွံ့ရန် မလိုတော့ကြောင်း သိရှိသောအခါ၌ သင်၏ အသက်တာတွင် အသစ်သောခွန်အားကို ခံစားရပေလိမ့်မည်။
၆း၁၁ ‘အပြစ်တရားနှင့် ဆိုင်သော အရာ၌ကား အသေဖြစ်သည်’ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့၏ အပြစ်ပြုလိုသော အသက်တာ အဟောင်း၌ ရှိသည့် သဘာဝကို သေဆုံးသွားပြီး ဖြစ်သကဲ့သို့ မှတ်ယူလျက် သွေးဆောင်မှုများကို မတုန့်ပြန်ခြင်းအား ဆိုလိုသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း မှတ်သားထားပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အသက်တာဟောင်း၌ စိတ်ထား၊ လိုအင်ဆန္ဒ၊ ရည်မှန်းချက်များကို ဆောင်ရွက်ရန် တာဝန် မရှိတော့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိ ဘုရားရှင်မှ ပြုပြင်ဖန်ဆင်း ထားသည့်အတိုင်း မှတ်ယူဆင်ခြင် ရပေတော့မည်။ ကျွန်ုပ်တို့သည် အသစ်သော အသက်တာကို အစပြုနေကြပြီ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ခရစ်တော်မှ အသက်ရှင် စေလိုသည့် အတိုင်း ကျွန်ုပ်တို့ နေ့စဉ် အသက်ရှင်နိုင်ရန် ကူညီပေလိမ့်မည်။
၆း၁၄-၁၅ ‘ငါတို့သည် ပညတ်တရား လက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့် ဒုစရိုက်ကို ပြုရမည်လော၊ ပညတ်တော် (၁၀)ပါးကို ပစ်ပယ်ရမည်လော’ ပေါလု မှ ‘ထိုသို့မပြုရ’ ဟုပြောခဲ့သည်။ ကျွန်ုပ်တို့သည် ပညတ်တရား အောက်၌ ရှိစဉ် အပြစ်သည် ကျွန်ုပ်တို့၏ သခင်ဖြစ်သည်။ ပညတ်တရားသည် ကျွန်ုပ်တို့အား အပြစ်မလွတ်စေပါ။ အပြစ်ကို ကျော်လွှားနိုင်ရန် မကူညီပါ။ သို့သော် ယခုအခါ၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိပြီ ဖြစ်သောကြောင့် သူသည် ကျွန်ုပ်တို့၏ သခင်ဖြစ်ပြီး ကျွန်ုပ်တို့အား ကောင်းသော အမှုကို လုပ်ဆောင်ရန် တန်ခိုးကိုပေးသည်။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯