❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၇
၇း၉-၁၁ ပညတ်တရား မရှိလျှင် အပြစ်လည်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ လုပ်ဆောင်သော အရာများအား ပညတ်တရားမှ တားမြစ်ထားကြောင်း သိရှိမှသာလျှင် ထိုလုပ်ဆောင်မှု တို့သည် အပြစ်ဖြစ်ကြောင်း သိရှိနိုင်သည်။ ဘုရားရှင်၏ ပညတ်တရားတို့သည် လူတို့အားသေခြင်းကို ခံထိုက်သော အပြစ်သားများဖြစ်ကြောင်းကို သိစေသည်။ သို့သော် မည်သို့မျှ ကူညီမှုမပေးပါ။ အပြစ်သည် အစစ်အမှန်ဖြစ်ပြီး အန္တရာယ်ကြီးလေသည်။ သင်သည်ပင်လယ် ကမ်းခြေသို့ ရေကူးရန် သွားသည်ဆိုပါစို့ သင်သည် ရေကူးရန်အတွက် အဝတ်လည်းပြင်ဆင်ပြီး သောအခါမှ ‘ငမန်းရှိသည်၊ ရေမကူးရ’ ဆိုသောဆိုင်းဘုတ်ကို သတိပြုမိသည်။ သင်၏ ထိုနေ့အတွက် ရည်မှန်းချက်မှာ ပျက်စီးသွားလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆိုင်းဘုတ်၏ အမှားလား၊ သင်သည် ထိုဆိုင်းဘုတ်ကို စိုက်သောသူများအား စိတ်ဆိုးပါသလား။ ပညတ်တရားသည် ထိုဆိုင်းဘုတ်ကဲ့သို့ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့အတွက် လိုအပ်သည်။ ယင်းအတွက် ကျေဇူးတင်ပါသည်။ သို့သော် ယင်းသည် ငမန်းများကို မဖယ်ရှားပေးနိုင်ပါ။
၇း၁၁-၁၂ အပြစ်သည် လူတို့အား ပညတ်တရားကို တလွဲသုံးရန် သွေးဆောင်သည်။ ပညတ်တရားသည် သန့်ရှင်းပြီး ဘုရားရှင်၏ သဘာဝနှင့် အလိုတော်ကို ဖော်ပြသည်။ ဧဒင် (Eden) ဥယျာဉ်၌ (ကမ္ဘာ ၃) မြွေသည် ဧဝ (Eve) အား သူမ၌ ရှိသည့် လွတ်လပ်မှုများမှ အာရုံဖယ်စေပြီး ဘုရားရှင်မှ ပညတ်ထားသည့် အရာပေါ်၌ အာရုံပြုစေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် ပုန်ကန်တတ်သူများ ဖြစ်လာကြသည်။ အပြစ်ကို ကောင်းသော အရာအဖြစ် ကျွန်ုပ်တို့မှ ရှုမြင်သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားရှင်မှ ထိုအရာကို မှားယွင်းသည်ဟု ပြောထားခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ သတိပေးချက်များကို သတိပြုရမည့်အစား ထိုအရာများကို လုပ်ဆောင်ရမည့် အရာများဟူ၍ မှတ်ယူသည်။ ကျွန်ုပ်တို့သည် ပုန်ကန်မှု တစ်ခုကို ပြုတော့မည်ဆိုလျှင် ပညတ်တရားကို အမြင်ကျယ်ကျယ် ဖြင့်လည်းကောင်း၊ ဘုရားရှင်၏ မေတ္တာဂရုဏာ အလင်း၌ လည်းကောင်း၊ ကြည့်ရန်လိုအပ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားရှင်၏ ကျွန်ုပ်တို့အပေါ်၌ ထားရှိသော ကြီးမားသည့် မေတ္တာအပေါ်၌ အာရုံပြုသော အခါတွင် ဘုရားရှင်သည် ကျွန်ုပ်တို့အား အန္တရာယ်ဖြစ်ပေါ်စေမည့် လုပ်ဆောင်မှု များကိုသာ တားမြစ်ကြောင်း နားလည်လာပေမည်။
၇း၁၄ ‘ငါမူကား ဇာတိပကတိ ဖြစ်၏။ အပြစ်တရား၏ လက်၌ ကျေးကျွန်ဖြစ်၏’ ယင်းသည် ကျွန်ုပ်တို့၏ ဘုရားရှင်အား ပုန်ကန်တတ်သော၊ ဘုရားရှင်အား မမှီခိုသော အသက်တာဟောင်းကို ရည်ညွှန်းပေသည်။ အကယ်၍ ခရစ်ယာန်တစ်ဦးသည် မိမိ၏ အစွမ်းဖြင့် အပြစ်ကို ရုန်းကန်တွန်းလှန် နေလျှင် မကြာမီအချိန်၌ ထိုသူသည် အပြစ်၏ ဆွဲဆောင်မှုနောက်သို့ ပါသွားပေမည်။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯