❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၂
၁၂း၁-၃ အာဗြဟံ (Abraham) ကို ဘုရားသခင် ခေါ်သောအခါ၌ သူသည် ဥရ (Ur) မှသည် ခါနာန်မြို့ ထိုမှ ခါနာန်ပြည် (Canaan) သို့ ယုံကြည်ခြင်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထိုနောက်တွင် ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုခဲ့သည်မှာ အာဗြဟံသည် ကြီးမြတ်သောနိုင်ငံကို တည်ထောင်မည် ဟူ၍ဖြစ်သည်။ ထိုနိုင်ငံသည် ကောင်းကြီး ခံစားရသည်သာမက အာဗြဟံ၏ မျိုးနွယ်အားဖြင့် ကမ္ဘာကြီးရှိ အခြားသောတိုင်း၊ နိုင်ငံများသည် ကောင်းကြီးမင်္ဂလာကို ခံစားရမည်။ ဣသရေလနိုင်ငံ (Israel) သည် အာဗြဟံ၏ မျိုးနွယ်မှ ဆင်းသက်လာသည်။ ထိုနိုင်ငံသည် ဘုရားသခင်၏ နောက်တော်သို့လိုက်ပြီး ထိုနိုင်ငံနှင့် ဆက်သွယ်သော နိုင်ငံများအပေါ်၌ အာဏာသက်ရောက်မှု ရှိမည်။ အာဗြဟံ၏ မျိုးနွယ်ဆက်မှ ယေရှုခရစ်တော်သည် လူသားတို့အား ကယ်တင်ရန် မွေးဖွားခဲ့သည်။ ခရစ်တော်အားဖြင့် လူတို့သည် ဘုရားသခင်နှင့် နီးစပ်စွာ မိဿဟာယ ပြုနိုင်ပြီး အတိုင်းအဆ မရှိသော ကောင်းချီး မင်္ဂလာကို ခံရသည်။
❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯