❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁၄

၁၄း၎-၁၆ ခေဒေါရလောမာ (Chedorlaomer) မင်းကြီးသည် မည်သူနည်း။ သူသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ အာဗြဟံ အချိန်ကာလတွင် မြို့တိုင်း၌ ဘုရင်တစ်ပါး စီရှိသည်။ ဘုရင်တစ်ပါးနှင့် တစ်ပါး စစ်တိုက်မှု လွန်စွာ များခဲ့သည်။ ရှုံးနိမ့်သော မြို့သားတို့သည် စစ်နိုင်သော ဘုရင်အား အရိုအသေ ပြုရသည်။ ခေဒေါရလောမာဘုရင်နှင့် ပတ်သက်၍ ကျမ်းစာ၌ ရေးသားထားသည့် အရာမျှကိုသာ သိသော်လည်း သူသည် တန်ခိုးကြီးသော ဘုရင် ဖြစ်ခဲ့သည်။ သောဒုံ (Sodom) မြို့အပါအဝင် မြို့(၅) မြို့သည် သူ့အား (၁၂) နှစ်တိုင် အရိုအသေ ပြုရသည်။ ထိုမြို့(၅) မြို့သည် သူနှင့် မိတ်ဆွေ ဖွဲ့ပြီးနောက်တွင် သူ့အား အရိုအသေ မပြုတော့ခြင်းဖြင့် ပုန်ကန်ခဲ့သည်။ သို့သော်လည်း သူသည် ထိုမြို့(၅) မြို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သောဒုံမြို့အား သိမ်းပိုက်သောအခါ၌ လောတနှင့် လောတ၏ မိသားစုကို လည်းကောင်း၊ သူတို့၏ ပိုင်ဆိုင်မှုများကိုလည်းကောင်း ဖမ်းဆီးသိမ်းယူ ခဲ့သည်။ ယောင်္ကျားဦးရေ (၃၁၈) ဦးသာရှိသော အာဗြဟံနှင့် သူ၏လူတို့သည် ခေဒေါရလောမာ တပ်ကို ဒမာသက် (Damascus) မြို့အနား၌ လိုက်လံတိုက်ခိုက်ခဲ့သည်။ ဘုရားသခင်၏ အကူအညီဖြင့် ထိုသူများအား အောင်နိုင်ခဲ့ပြီး လောတနှင့် သူ၏မိသားစု ဥစ္စာပစ္စည်း များကို ပြန်လည်ရယူခဲ့သည်။

Continue… » »


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.