❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အမှာစကား
ရှင်ယောဟန်သည် ခရစ်တော်အား ‘အစအဦး၌ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏’ (၁း၁-၂) ဟု အစ၌ ဖော်ပြသကဲ့သို့ ဤကျမ်းတစ်စောင်လုံးတွင် ထိုကဲ့သို့ ဆက်လက်ဖော်ပြခဲ့သည်။ ရှင်ယောဟန် သည် ခရစ်တော်၏ ဘုရားအသွင်နှင့် လူ့ဇာတိ၊ သူ၏ ထာဝရအသက်ကို ပေးဆောင်မည့် အမှုတော်မြတ် လုပ်ငန်းများကို ဖော်ပြနိုင်ရန် ခရစ်တော်၏ အံ့သြဘွယ် အမှု (၈) ခုကို ရွေးချယ်ဖော်ပြခဲ့သည်။ ယင်းတို့မှ
(၁) ရေကို စပျစ်ရည် ဖြစ်စေခြင်း (၂း၁-၁၁)။
(၂) အမတ်တစ်ယောက်၏ သားကို ကျမ်းမာစေခြင်း (၄း၄၆-၅၄)။
(၃) သုံးဆယ့်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသော သူကို ကျမ်းမာစေခြင်း (၅း၁-၉)။
(၄) မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အား လူငါးထောင်ကို ကျွေးမွေးခဲ့ခြင်း (၆း၁-၁၄)။
(၅) ရေပေါ်၌ လမ်းလျှောက်ခဲ့ခြင်း (၆း၁၆-၂၁)။
(၆) မျက်စိကို ပြန်လည်၍ မြင်စေခြင်း (၉း၁-၄၁)။
(၇) လာဇရု (Lazarus)အား ပြန်လည်၍ အသက်ရှင်စေခြင်း (၁၁း၁-၄၄)။
(၈) တမန်တော်တို့ များစွာသောငါးများကို ဖမ်းမိခြင်း (၂၁း၁-၄၁)။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯