❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၁၁ တမန်တော်တို့က ယေရှု၏ အံ့ဩဖွယ် နိမိတ်လက္ခဏာများကို တွေ့ောအခါ၌ သူတို့သည် ယုံကြည် ခဲ့ကြသည်။ အံ့ဩဖွယ် နိမိတ်လက္ခဏာ တို့သည် ယေရှု၏ သဘာဝ တရားအပေါ် လွှမ်းမိုးသည့် တန်ခိုးတော်ကို ဖော်ပြခြင်းဖြင့် မည်သို့ သာသနာပြုမည်ကို ဖော်ပြသည်။ ယေရှုသည် အခြားသူများအားကူညီခြင်း၊ တန်ခိုးအာဏာနှင့် ပြောဆိုခြင်း၊ လူတစ်ဦးစီနှင့် ထိတွေ့ခြင်းတို့ဖြင့် သာသနာပြုခဲ့သည်။
၂း၁၁ အံ့ဩဖွယ် နိမိတ်လက္ခဏာများသည် သဘာဝ တရားကို လွန်ဆန်သော အရားများ ဖြစ်သည်သာမက ဘုရားသခင်၏ တန်ခိုးကို ပြသခြင်းလည်း ဖြစ်သည်။ ယေရှုမှ ပြုလုပ်သော အံ့ဩဖွယ်အမှု အားလုံးတို့သည် ကျဆုံးသွားသော ဖန်ဆင်းမှုများကို အသစ်တဖန် ပြန်လည်ရှင်သန် စေခြင်းဖြစ်သည်။ ဥပမာ – မျက်စိအလင်း ပြန်ရခြင်း၊ ချိနဲ့နေသောသူ လမ်းပြန်လျှောက်ခြင်း၊ သေဆုံးသောသူ အသက်ပြန်ရှင်ခြင်း တို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်အား အံ့ဩဖွယ်ရာများကို ပြုလုပ် နိုင်သောသူ ဖြစ်သောကြောင့် ယုံကြည်ရခြင်း မဖြစ် ပါစေနှင့်။ ကျွန်ုပ်တို့၏ ဆင်းရဲခြင်း၊ အားနည်းခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ မိဘမဲ့ဖြစ်ခြင်း၊ မမြင်နိုင် မကြားနိုင် ဖြစ်ခြင်းတို့ကို ပြန်လည်၍ အသစ် ဖန်ဆင်းပြုပြင်ရန် လိုအပ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဆက်လက်ပြုပြင် ဖန်ဆင်းနေသော ဘုရား ဖြစ်သောကြောင့် သူ့ကို ယုံကြည်ရခြင်းဖြစ်ပါစေ- – -။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯