❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂

၂း၁၉-၂၀ ဂျူး (Jewish) တို့သည် ဗိမာန်တော် (Temple) ဟုဆိုရာ၌ ယေရှုရှင်က ရှင်းလင်းခဲ့သည့် ဗိမာန်တော်ဟူ၍ နားလည်သည်။ ထိုဗိမာန်တော်သည် နှစ်ပေါင်း ၅၀၀ ခန့်က တည်ဆောက်ခဲ့ပြီး ဟေရုဒ် မင်းကြီး (King Herod) က ပို၍လှပအောင် တိုးချဲ့ မွမ်းမံခဲ့သည်။ ထိုသို့ မွမ်းမံမှုသည် (၄၆) နှစ် ကြာသည့်တိုင် မပြီးသေးပေ။ ထို့ကြောင့် ဂျူးတို့သည် ထိုဗိမာန်အား (၃) ရက်နှင့် ဖျက်ဆီးပြီး ပြန်လည်တည်ဆောက် မည်ဟု ယေရှုက ပြောကြားသည့်အချက်ကို မယုံနိုင်ကြပေ။

၂း၂၁-၂၂ ယေရှုသည် ဗိမာန်ဟုဆိုရာ၌ ကျောက်တုံးဖြင့် ဆောက်ထားသော ဗိမာန်ကို ဆိုလိုခြင်းမဟုတ်။ သူ၏ ခန္ဓာကိုယ်ကို ဆိုလိုသည်ကို ကြားသောသူတို့က သတိမပြုမိ ခဲ့ကြပါ။ ယေရှုသည် ထိုမြို့ရှိ ဗိမာန်တော်ထက် ပို၍ ကြီးမြတ်သည် (မ ၁၂း၆)။ ယေရှုပြောခဲ့သော စကားများသည် သူရှင်ပြန်ထမြောက် ပြီးနောက်တွင်မှ တမန်တော်တို့အတွက် အဓိပ္ပါယ်ပေါ်လာစေခဲ့သည်။ ထိုကဲ့သို့ ကြိုတင်ပြောကြားသော အရာများကို ပြည့်စုံစွာ ဖြစ်ပေါ်လာခြင်းကြောင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေထူလိုက် ခြင်းပင်ဖြစ်သည်။

Continue… » »


❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.