❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၁၈ လူတို့သည် သူတို့၏ကြောက်ရွံ့ ခြင်းကို ကာကွယ်သည့် အနေနှင့် သူတို့၏ လုပ်ဆောင်မှု (သို့) သူတို့၌ ရှိသော အရာတစ်ခုခု အပေါ်၌ ယုံကြည်ချက် ထားလေ့ ရှိကြသည်။ (ဥပမာ- ကောင်းမှုကုသိုလ်၊ ကျွမ်းကျင်မှု၊ ဥာဏ်ပညာ၊ ငွေ၊ ပစ္စည်းဥစ္စာ) ကျွန်ုပ်တို့ အမှန်တကယ် ကြောက်ရွံ့ ရမည့် တစ်ခုတည်းသော အရာမှာ ထာဝရ စီရင်ခံရခြင်းဖြစ်ပြီး ဘုရားသခင်သာလျှင် ကျွန်ုပ်တို့အား ထိုသို့စီရင်ခြင်းမှ ကယ်တင်နိုင်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင် အားထုတ်ချက်များသည် ကယ်တင်ခြင်းကို ရရှိရန် လုံလောက်ခြင်း မရှိကြောင်းကို သိရှိလျက် ဘုရားသခင်အား ကျွန်ုပ်တို့အတွင်း၌ အလုပ် လုပ်စေခြင်း အားဖြင့် ဘုရားသခင်အား ယုံကြည်ပါ။ ယေရှုက ‘မယုံကြည်သူ’ ဟု ပြောသောအခါ၌ ခဏတာမျှ သံသယ ဖြစ်နေသူများကို မဆိုလိုဘဲသူ့အား လုံးဝစွန့်ပယ်သော ငြင်းပယ်သော သူများကိုဆိုလိုသည်။

၃း၁၉-၂၁ လူအများတို့သည် ဘုရားသခင်၏ အလင်းအား သူတို့၏ အသက်တာ၌ မလင်းစေလိုပါ။ ထိုအလင်းသည် သူတို့အသက်တာ၏ အဖြစ်မှန်ကို ဖော်ပြမည်စိုး၍ ဖြစ်သည်။ လူတို့သည် မပြောင်းလဲ လိုကြပေ။ သင်၏ ဘုရားသခင်ကို နာခံလိုမှု၊ မှန်ကန်စွာ ပြုကျင့်မှုများသည် တစ်ပါးသူအား ခြိမ်းခြောက်ရာကဲ့သို့ ဖြစ်နေလျှင် အံ့သြခြင်း မဖြစ်ပါနှင့်။ သင်၏ အလင်းသည် သူတို့၏ အမှောင်ထု ဖုံးအုပ်နေသော အသက်တာ အစိတ်အပိုင်းများအား ဖော်ပြမည်ကို စိုးရိမ်၍ ဖြစ်သည်။ စိတ်ပျက် အားလျော့ခြင်း မရှိဘဲ အလင်း၌ အသက်ရှင်သော အသက်တာကို ဆုပ်ကိုင်ထားပါ။ ထိုသို့နေခြင်းသည် မည်မျှပို၍ ကောင်းမွန်သည်ကို လူများ သိရှိလာစေရန် ဆက်လက်ဆုတောင်းပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.