❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၎
၎း၁၅ ထိုအမျိုးသမီးက မှားယွင်းစွာ ယုံကြည်ခဲ့သည်မှာ ယေရှုပေးသော ရေကို လက်ခံခဲ့လျှင် သူမသည် ဤရေတွင်းသို့ နေစဉ်လာရောက်ရန် မလိုအပ်တော့ပါ။ သူမ၏ အသက်တာကို သက်သာစေလိမ့်မည် အထင်နှင့် သူမသည် ယေရှု၏ စကားကို စိတ်ဝင်စားခဲ့သည်။ ထိုကဲ့သို့ ခရစ်တော်၏ အသင်းတော်ကို လူတို့ခံယူလျှင် မှားယွင်းသော စိတ်ထားဖြင့် ခံယူခြင်း ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ ဘဝအသက်တာ၌ စိန်ခေါ်မှုများကို ပယ်ရှားပစ်ရန် လာခဲ့ခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့ အတွင်းသဘောကို ပြောင်းလဲရန်နှင့် ဘုရားရှင်၏ အမြင်နှင့် ပြဿနာများကို ဖြေရှင်းတတ်အောင် ခွန်အားပေးရန် လာခြင်းဖြစ်သည်။
၎း၁၅ ယေရှု ပြောသောအရာကို ထိုအမျိုးသမီးသည် ချက်ချင်း နားမလည်ခဲ့ပါ။ ကျွန်ုပ်တို့၏ အသက်တာ၌ အခြေခံကျ၍ ပြောင်းလဲစေနိုင်သော အရာများကို လက်ခံနိုင်ရန် အတွက် အချိန်လိုအပ်သည်။ ယေရှုက ထိုအမျိုးသမီးအား မေးခွန်းမေးရန် အချိန်ပေးပြီး သူမအတွက် အကြောင်းအချက်များကို စုစည်းပေးသည်။ သတင်းကောင်းကို ဖြန့်ဝေသောအခါ၌ ချက်ချင်း အကောင်အထည် မပေါ်သော အခါများ ရှိပေလိမ့်မည်။ သင်သည် အခြားသူများကို ယေရှုအားဖြင့် သူတို့၏ အသက်တာကို ပြောင်းလဲစေလို သောအခါ၌ သူတို့အားစဉ်းစားရန် အချိန်ပေးပါ။
❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯