❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၁၈-၁၉ တမန်တော်တို့ ကြောက်ရွံ့ရခြင်းမှာ ဖုတ်တစ္ဆေကို မြင်သည်ဟု ထင်သောကြောင့် ဖြစ်သည် (မာ ၆း၄၉)။ အကယ်၍ ယေရှုပြုတော်မူခဲ့သော အရာများကို သူတို့စဉ်းစားမိလျှင် ဤဖြစ်ရပ်ကို လက်ခံနိုင် ပေလိမ့်မည်။ တမန်တော်တို့သည် ကြောက်ရွံ့နေကြပြီး ယေရှုလာရောက်မည်ကို မမျှော်မှန်း ထားသောကြောင့် ယေရှုက သူတို့အား ကူညီခြင်းအတွက် အဆင်သင့် မဖြစ်ကြပေ။ ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင် လုပ်ဆောင်မည်ဟု ဦးနောက်၌ မျှော်လင့်ပိုင်းဖြတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းဖြင့် လုပ်ဆောင် သောအခါ၌ ကျွန်ုပ်တို့၌ ရှိသော ကြောက်ရွံ့ စရာများကို ကျော်လွှားနိုင်သည်။

၆း၁၈ ဂါလိလဲ (Galilee) အိုင်သည် ပင်လယ်ပြင်ထင် ပေ ၆၅၀ နိမ့်ပြီး ပေ ၁၅၀ နက်ကာ တောင်ကုန်းများဖြင့် ဝိုင်းရံထားသည်။ ထို့ကြောင့်လည်း လေပြင်းမုန်တိုင်း တို့သည် ခဏအတွင်း၌ ဖြစ်ပေါ် လာပြီး အလွန်မြင့်သောလှိုင်း ဖြစ်စေသည်။ ထိုသို့သော မုန်တိုင်းတို့သည် ဤအိုင်၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး လွန်စွာကြောက်ရွံ့ ဖွယ်ကောင်းသည်။ ယေရှုသည် ထိုကဲ့သို့မုန်တိုင်း ကျရောက်စဉ် ရေပေါ်၌ လမ်းလျှောက်ရင်း (၃) မိုင်ခွဲမှ မြစ်ကမ်းခြေနှင့် ကွာဝေးသည်။ တပည့်တော်တို့အား မကြောက်ရန် ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ၌ လည်းကောင်း၊ စိတ်ဓါတ်ရေးရာ၌၎င်း၊ မုန်တိုင်းထန်သော အခါ၌ ပင်လယ်ပြင် အတွင်းရှိ လှေငယ်ကလေးကဲ့သို့ ခံစားရတတ်သည်။ မည်မျှပင် ကြောက်ရွံ့ဖွယ်ကောင်းသော အခြေအနေ၌ ရှိနေစေကာမူ ခရစ်တော်က ကျွန်ုပ်တို့ အသက်တာကို ကာကွယ်မည်ဟု ယုံကြည်ကိုးစားလျှင် မည်သို့သော မုန်တိုင်းနှင့် တွေ့ကြုံနေရ စေကာမူ ခရစ်တော်က ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးလိမ့်မည်။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.