❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၇
၇း၁၉ ဖာရိရှဲ (Pharisees) တို့သည် ဘုရားသခင် ပညတ်တော်တို့အပြင် သူတို့၏ ထပ်၍ဖြည့်ထားသော အဓိပ္ပါယ်မရှိသည့် ဥပဒေသများကို လိုက်လျှောက်ရန် ကြိုးပမ်းခြင်းဖြင့် သန့်ရှင်းသော သူများဖြစ်အောင် ကြိုးစားသည်။ ယေရှုက ဖာရိရှဲတို့အား မောရှေ (Moses) ၏ ပညတ်တော်များကိုပင် နက်နဲစွာ မလိုက်လျှောက်ဟု စွပ်စွဲခဲ့သည်။ ဖာရိရှဲတို့သည် မာနထောင်လွှား ကြပြီး သာမန် တရားဥပဒေကိုပင် မလိုက်လျှောက် နိုင်ခဲ့ကြပါ။ သူ့အသက်ကို သတ်ခြင်းသည် မောရှေ၏ ဥပဒေကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယေရှု၏ နောက်တော်သို့ လိုက်သောသူများသည် ဥပဒေသများကို လိုက်လျှောက်သောသူများ ဖြစ်သည်သာမက ဝိညာဉ်တော်၏ ဥပဒေသများကိုပင် လိုက်လျှောက်သော သူများ ဖြစ်ရပေမည်။
၇း၂၀ လူများတို့သည် ယေရှုအား သတ်ပစ်ရန် ကြံဆောင်နေကြောင်းကို သတိမပြုမိခဲ့ပေ။ (၅း၁၈) လူအချို့သည် ယေရှုအား သတ်ပစ်ရန် အခွင့်ကောင်းကို ရှာဖွေနေသည်။ သို့သော် လူအချို့မှာမူ ယေရှုအား မည်ကဲ့သို့ ယုံကြည်ရမည်ကို မဆုံးဖြတ်နိုင်ကြပေ။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯