❮ Prev . . . အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၉

၉း၂၅ ဤအချိန်၌ မျက်စိကန်းသော သူသည် ထိုမေးခွန်းကို အကြိမ်များစွာ အမေးခံခဲ့ရပြီး ဖြစ်သည်။ သူသည် မည်ကဲ့သို့ မည်သည့် အကြောင်းအရာကြောင့် ကျန်းမာခြင်း အခွင့်ကို ရခဲ့သည် မသိသော်လည်း သူ၏ အသက်တာ၌ အံ့သြဖွယ်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်ကို ထိုသူကသိရှိသည်။ ထိုအမှန်တရားကို သူက ပြောကြားရန် မကြောက်ရွံ့ခဲ့ပါ။ သင်သည် ခရစ်တော်၏ အကြောင်းကို အခြားသူများအား ဝေမျှရန် မလိုအပ်ပါ။ ခရစ်တော်က သင်၏အသက်တာအား မည်ကဲ့သို့ ပြောင်းလဲစေခဲ့ ကြောင်းကို ပြောရန် အရေးကြီးသည်။ ထိုမှ သင်၏ စကားလုံးများကို ဘုရားသခင်က အသုံးပြုပြီး အခြားသူများ အတွက် ယုံကြည်ခြင်းကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်းယုံကြည်ပါ။

၉း၂၈-၃၄ အာဏာပိုင်တို့သည် ထိုသူ၏ အသစ်သော ယုံကြည်ခြင်းကို ပြင်းထန်စွာ စစ်ကြောခဲ့သည်။ သူသည် ကျိန်ခြင်း၊ ဗိမာန်တော်မှ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။ သင်သည် ယေရှု၏ နောက်တော်သို့ လိုက်သောအခါ၌ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ သင်သည် သင်၏ မိတ်ဆွေများက ရှောင်ဖယ်ခြင်း၊ သင်၏အသက် ဆုံးရှုံး စေခြင်းတို့ကိုပင် တွေ့ကြုံနိုင်သည်။ သို့သော် သင့်အား ယေရှုကပေးသော ထာဝရအသက်ကို မည်သူကမှ မဖယ်ရှားပစ်နိုင်ပါ။

Continue… » »


❮ Prev . . . အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.