❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၁
၁း၎ ရှင်ပေါလုက ကယ်တင်ခြင်းသည် ခရစ်တော်၌သာ လုံးဝဥဿုံ တည်နေကြောင်းကို အလေးပေး၍ ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ထိုက်တန်သောကြောင့် ကယ်တင်ခြင်းကို ခံရခြင်းမဟုတ်ပါ။ ဘုရားသခင်၏ မေတ္တာနှင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့အား အဖိုးအခမတောင်း၊ အခမဲ့ ပေးသောကြောင့်သာလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံရသည်။ ကျွန်ုပ်တို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယတင်ရန် ဆုံးဖြတ်ခဲ့ခြင်းမဟုတ်။ ဘုရားသခင်၏ အစီအမံရ သူသည် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အမှတ် ဝါကြွားစရာ မလိုပါ။ ကယ်တင်ခြင်း လုပ်ငန်းစဉ်သည် ကျွန်ုပ်တို့ မတည်ရှိမီ အချိန်ကတည်းကပင် ဘုရားသခင်၏ စိတ်တော်၌ ရှိပြီးဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား လက်ခံနိုင်ခဲ့သည်ကို နားလည်ရန်ခက်ခဲသည်။ သို့သော်လည်း ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသူ၊ အပြစ်ကင်းသူများအဖြစ် မြင်တွေ့ခံစားရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရွေးချယ်ခဲ့သည်။ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၌ တည်ရှိသောအခါ၌ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်အခါကမျှ အပြစ်မပြုခဲ့သော သူများကဲ့သို့ မြင်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သော အရာမှာ သူ၏ အံ့သြဘွယ် မေတ္တာတော်အတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်းဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯