❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၂၀-၂၂ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက် ပြီးနောက်တွင် အသင်းတော်၏ ဦးခေါင်းဖြစ်နေပြီ ဖြစ်သည်။ သူသည် ဤကမ္ဘာပေါ်၌ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်သည်။ ယေရှုသည် မေရှိယ (Messiah)၊ ဘုရားသခင်မှ ဘိသိတ် (Anointed) ပေးသောသူ၊ ဣသရေလ (Israel) လူမျိုးတို့ မျှော်လင့်တောင့်တသောသူ၊ ကြေမွနေသော ကမ္ဘာအား ပြန်လည်တည်ဆောက်သောသူ ဖြစ်သည်။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင်သည် အဆုံး၌ အောင်မြင်သောသူ၊ အရာအားလုံးအား ထိန်းချုပ်သောသူ အဖြစ် စိတ်ချယုံကြည် နိုင်ပါသည်။ ကျွန်ုပ်တို့သည် မည်သို့သော အုပ်စိုးသူ၊ တိုင်းပြည်၊ သေခြင်းတရား စာတန် (Satan) တို့ကို ကြောက်ရွံ့ရန် မလိုပါ။ စာချုပ်လက်မှတ်ထိုး တံဆိပ်ခတ်ပြီး သကဲ့သို့ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရရန် ခဏတာ စောင့်ဆိုင်း နေကြခြင်းသာ ဖြစ်သည်။ (ရောမ ၈း၃၇-၃၉) ရှင်ပေါလုမှ ဆိုသကဲ့သို့ မည်သည့်အရာကမျှ ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ မေတ္တာကို မကွာစေနိုင်ပါ။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.