❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၇
၇း၁ ပေါလု (Paul) မှ ဖော်ပြထားသည်မှာ ပညတ်တရားသည် အပြစ်သား ကိုသော်လည်းကောင်း (၇း၇-၁၄)၊ ပညတ်တရားကို စောင့်သောသူ ကိုသော်လည်းကောင်း (၇း၁၅-၂၂)၊ အသက်တာ သစ်ကို ရရှိသော သူကို လည်းကောင်း (၇း၂၃-၂၅)၊ ကယ်တင်ရန် တန်ခိုး မရှိပါ။ အပြစ်သားသည် ပညတ်တရားမှ စီရင်ခြင်းကို ခံရသည်။ ပညတ်တရားကို စောင့်သော သူသည် ပညတ်တရားမှ ဖော်ပြထားသည့် အရာတို့ကို အပြည့်အဝ မလုပ်ဆောင် နိုင်သောအခါ ပညတ်တရားမှ စီရင်ခြင်းကို ခံရသည်။ အသက်တာ သစ်ကို ရရှိပြီးသော သူသည်ပင်လျှင် အသက်တာဟောင်း၏ သွေးထိုးမှုကြောင့် ပညတ်တရားကို ပြည့်ဝစွာ မလိုက်လျောက် နိုင်သောအခါ၌ ပညတ်တရားမှ စီရင်ခြင်းကို ခံရသည်။ ပေါလုမှ ထပ်မံဖော်ပြ ထားသည်မှာ ကယ်တင်ခြင်းကို ပညတ်တရားအား လိုက်လျောက် ခြင်းဖြင့် မတွေ့ရှိနိုင်ပါ။ သင်သည် မည်ကဲ့သို့သောသူ ဖြစ်စေကာမူ၊ ခရစ်တော်ယေရှုသာလျှင် သင့်အား လွတ်မြောက်ခြင်းကို ပေးနိုင်သည်။
၇း၂-၆ ပေါလုမှ လက်ထပ်ထိမ်းမြားခြင်းကို ဥပမာပေး၍ ကျွန်ုပ်တို့အား ပညတ်တရားနှင့် သက်ဆိုင်မှုကို ရှင်းပြထားသည်။ ယောက်ျားသေဆုံးသော အခါ၌ အိမ်ထောင်ရှင် တစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်တရား များသည် ထိုမိန်းမနှင့် မသက်ဆိုင်တော့ပါ။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ သေဆုံးပြီး ဖြစ်သောကြောင့် ပညတ် တရားသည် ကျွန်ုပ်တို့အား မစီရင်နိုင်တော့ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အသစ်သော သူကဲ့သို့ ရှင်ြပန်ထမြောက်လျက်ရှိပြီး ခရစ်တော်မှ ကျွန်ုပ်တို့ကို ပိုင်ဆိုင်သည်။ သူ၏ ဝိညာဉ်သည် ကျွန်ုပ်တို့အား ဘုရားရှင်အတွက် ကောင်းသော အသီးကို သီးနိုင်ရန် ကူညီသည်။ ယခုအခါ၌ ကျွန်ုပ်တို့သည် ပညတ်တရားကို စောင့်ထိန်းသည့် အနေဖြင့် အစေခံ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ၊ ဘုရားရှင်ကို ချစ်ခြင်းနှင့် ပြည့်ဝသော၊ အသစ်သော နှလုံးသား၊ တွေးတောမှုတို့ဖြင့် အစေခံနေကြခြင်းဖြစ်သည်။
၇း၎ လူတစ်ဦးသည် သူ၏ ဟောင်းသော အသက်တာအား သေစေပြီး၊ ခရစ်တော်၏ ပိုင်ဆိုင်ခြင်းကို ခံယူလျှင်၊ ထိုသူသည် အသစ်သော အသက်တာအသစ် အစပြုခြင်း ဖြစ်သည်။ မယုံကြည်သူတို့သည် မိမိကိုယ်ကာယ တတ်မက်ခြင်းတို့ အပေါ်၌သာ စိတ်နှလုံးကို ထားရှိသည်။ ခရစ်တော်၏ နောက်တော်သို့ မလိုက်သော သူများ၌ သူတို့၏ ရည်မှန်းဆုံးဖြတ်ချက်သည်သာ သူတို့အတွက် တန်ခိုးအင်အား ဖြစ်သည်။ ခရစ်ယာန်တို့၏ အသက်တာ၌ မူကား ဘုရားရှင်သည်သာ အဓိကဗဟိုဖြစ်သည်။ ဘုရားရှင်သည် ခရစ်ယာန်တို့အား ခရစ်ယာန်ကဲ့သို့ နေ့စဉ်အသက်ရှင် နိုင်ရန်အတွက် လိုအပ်သော ခွန်အားကို ပေးသည်။ ယုံကြည်သူဖြစ်လာသောအခါ၌ ထိုသူတို့၏ လောကကိုမြင်သော အမြင်မှာ ဘုရားရှင်ထံ မလာရောက်မီ အချိန်က ရှိသောအမြင်နှင့် လုံးဝကွာခြားသွားသည်။
၇း၆ လူအချို့တို့သည် ကျင့်စဉ်တစ်ခုခု (ပညတ်တော် ၁၀ ပါးကို လိုက်လျောက်ခြင်း၊ ဘုရားကျောင်း မှန်မှန်တက်ခြင်း၊ ကောင်းသော လုပ်ဆောင်မှုများကို လုပ်ဆောင်းခြင်း) ကို လိုက်လျောက်ခြင်းဖြင့် ဘုရားရှင်အား ရှာဖွေကြသည်။ သို့သော်လည်း စိတ်ပျက်ခြင်း၊ စိတ်ဓါတ်ကျခြင်းကိုသာ တွေ့ကြုံရသည်။ အမှန်မှာ ဘုရားရှင်အား တွေ့နိုင်သည့် နည်းလမ်းသည် ခရစ်တော်အားဖြင့် ပွင့်လျက်ရှိပြီး သူ့အားယုံကြည်ခြင်းဖြင့် ဘုရားရှင်၏ သားသမီးများ အဖြစ်သို့ ရောက်နိုင်သည်။ ထို့ကြောင့် ပညတ်တရားကို လိုက်လျောက်ခြင်းအားဖြင့် ဘုရားရှင်ထံသို့ ရောက်ရှိအောင်ကြိုးစားရန် မလိုတော့ပါ။ ယေရှုနှင့်အတူတကွ ရှေ့သို့ ဆက်လျှောက်လှမ်း သည်နှင့်အမျှ ကျွန်ုပ်တို့သည် ယေရှု၏ အသွင်သဏ္ဍာန်နှင့် ပို၍ပို၍ တူလာသည်။ သင်၏ ကျင့်စဉ်များ၊ လုပ်ဆောင်မှုများ အပေါ်၌ အာရုံစိုက်ခြင်းမှသည် ယေရှုအား အာရုံစိုက် လာစေရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်အား သင်၏ အာရုံကို လမ်းပြခွင့်ပေးပါ။ ထိုအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား မေတ္တာနှင့်လည်းကောင်း၊ စေတနာစိတ်နှင့်လည်းကောင်း အစေခံနိုင်ရန်အတွက် လွတ်ခြင်းအခွင့်ကို ပေးလိမ့်မည်။ သင်သည် ‘ဝိညာဉ်တော် တရားသစ်’ ၌ အသက်ရှင်ခြင်းလည်းဖြစ်သည်။
၇း၆ ခရစ်ယာန်တို့ ပြုရမည့် ပညတ်တရား၊ ဥပဒေ၊ ထုံးတမ်းစဉ်လာတို့သည် ကျွန်ုပ်တို့အား မကယ်တင်နိုင်ပါ။ ကျွန်ုပ်တို့သည် သန့်ရှင်းသော လုပ်ဆောင်မှုများကို လုပ်ဆောင်နေစေကာမူ၊ စီရင်ခြင်းကို ခံရပေဦးမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ စိတ်နှလုံးသည် မှားယွင်းသော သဘော၊ ပုန်ကန်တတ်သော သဘောရှိ၍ ဖြစ်သည်။ ပေါလုကဲ့သို့ပင် ကျွန်ပ်တို့သည် ဘုရားကျောင်း၌ ဝတ်ပြုခြင်းတွင် သက်သာခြင်းကို မတွေ့ရပါ။ ခရစ်တော် ယေရှုအား ကျွန်ုပ်တို့ကို ကယ်တင်ရန် မျှော်ကြည့်သောအခါ၌သာ ကျွန်ုပ်တို့သည် သက်သာခြင်းကိုရသည်။ ထိုသို့သော ကယ်တင်ခြင်းကို ဘုရားရှင်သည် ကျွန်ပ်တို့အား အဖိုးအခ မယူဘဲ လွတ်လပ်စွာပေးထားသည်။ ကျွန်ုပ်တို့သည် ယေရှုထံသို့ လာသောအခါ၌ သက်သာခြင်း၊ ကြည်နူးဝမ်းမြောက် ခြင်းနှင့် ပြည့်ဝနေရလေသည်။ ထိုအခါ၌ ကျွန်ုပ်တို့သည် ပညတ်တရားကို စောင့်ထိန်းကြဦး မည်လား၊ ထိုအချိန် ပညတ်တရားကို ပို၍ပင်စောင့်ထိန်း နိုင်ပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အတွင်းရှိ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်းတို့သည် ကျွန်ုပ်တို့အား ထိုသို့ စောင့်ထိန်းနိုင်စေရန် အားပေးလှုံဆော် သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ ကျွန်ုပ်တို့သည် ဘုရားရှင်၏ အသိအမှတ်ပြုမှုကို ရယူလိုသောကြောင့် လုပ်ဆောင်သော စိတ်ထား မရှိတော့ပါ။ ကျွန်ုပ်တို့သည် ပညတ်တရားကို အပေါ်ယံသာ လိုက်လျောက်သောသူများ မဟုတ်တော့ဘဲ။ ဘုရားရှင်၏ အလိုတော်ကို ရှာဖွေသည့်အနေဖြင့် စိတ်ပါဝင်စားစွာ မေတ္တာနှင့် ပြည့်ဝစွာ လိုက်လျောက်သောသူများ ဖြစ်လာကြပေမည်။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯