❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၇
၇း၁၅ ပေါလုမှ သူ၏ အပြစ်ပြုလိုသော စိတ်ထားနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာမှ ရရှိလာသော သင်ခန်းစာ (၃)ခုကို ဝေမျှထားသည်။
(၁) သိခြင်းသည် အဖြေမဟုတ်ပါ (၇း၉)။
ပညတ်တရားမှ မျှော်လင့်တောင်းဆိုချက်ကို နားမလည်မီ၊ မသိရှိမီ အချိန်အထိ ပေါလုသည် အေးဆေးစွာ ရှိသည်။ သို့သော်လည်း အမှန်တရားကို သိရှိသော အခါ၌ သူသည် ပူပန်ခြင်းဖြစ်လာသည်။
(၂) မိမိခွန်အားကိုသာ အားကိုးပြီး ရုန်းကန်ခြင်း အားဖြင့် မအောင်မြင်နိုင်ပါ (၇း၁၅)။
ပေါလုသည် မပြုလုပ်လိုသော အပြစ်များကိုပင် ပြုလုပ်နေရ သကဲ့သို့ တွေ့မြင်နေသည်။
(၃) ခရစ်ယာန် တစ်ဦးဖြစ်လာသော အခါ၌ အပြစ်သွေးဆောင်မှု များသည် ထိုသူ၏ အသက်တာမှ လုံးဝပျောက်သွားခြင်း မရှိပါ (၇း၂၂-၂၅)။
အသစ်သော အသက်တာ၌ မွေးဖွားရန် တိုတောင်းသော အချိန်ကာလ လိုအပ်သော်လည်း ခရစ်တော်ကဲ့သို့ ဖြစ်ရန်မှာ အသက်တာသေဆုံးသော အချိန်ကာလအထိ လိုအပ်သည်။ ပေါလုသည် ခရစ်ယာန် အသက်တာကြီးထွားခြင်းကို ခွန်အားစိုက်ရသည့်ပြိုင်ပွဲ၊ ပြေးပွဲနှင့်နှိုင်းယှဉ်ထားသည် (၁ ကော ၉း၂၄-၂၇၊ ၂ တိ ၄း၇)။ ထို့ကြောင့် ဤကျမ်းအစဦး၌ ပေါလုမှ အလေးထားဖော်ပြ ထားသည့်အတိုင်း ဤကမ္ဘာ၌ မည်သူမျှ အပြစ်ကင်းသောသူ မဟုတ်သောကြောင့် မည်သူမျှ (ဘုရားရှင်၏ ပညတ်တရားကို မသိသော သာသနာပ လူများ၊ ပညတ်တရားကို သိပြီး ထိုပညတ်တရားကို ကျင့်ကြံနေသော ခရစ်ယာန်၊ ဂျူးများ) ကယ်တင်ခြင်းကို မခံထိုက်ပါ။ ကျွန်ုပ်တို့ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် ခရစ်တော်မှ လုပ်ဆောင်သွားသော အရာ၌သာ လုံးဝဥဿုံ အမှီပြု ရပေမည်။ ကယ်တင်ခြင်းကို ကျွန်ုပ်တို့၏ ကောင်းသော လုပ်ဆောင်မှုများအားဖြင့် မရရှိနိုင်ပါ။
၇း၁၅ ဤကျမ်းပိုဒ်သည် စိတ်ပျက်အားလျော့နေသော သူတစ်ဦး၏ ငိုကြွေးခြင်းထက်ပိုသည်။ ဤကျမ်းပိုဒ်၌ ဝိညာဉ်တော်၏ အကူအညီကို မတောင်းခံဘဲ အပြစ်နွံ အတွင်းမှ ရုန်းထွက်ရန် ကြိုးပမ်းနေသော၊ ပညတ်တရား ဥပဒေ စည်းကမ်းများကို လိုက်လျောက်ခြင်းဖြင့် ဘုရားရှင်၏ စိတ်တော်နှင့်တွေ့အောင် ကြိုးပမ်းနေသော ခရစ်ယာန်တစ်ဦး၏ ခံစားချက်ကို ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အပြစ်၏ တန်ခိုးကို မည်သည့်အခါတွင်မျှ လျော့တွက်၍ မရပါ။ ကျွန်ုပ်တို့သည် အပြစ်ကို မိမိတို့ခွန်အားဖြင့် တွန်းလှန်ရန် မည်သည့်အခါ၌မျှ မကြိုးစားသင့်ပါ။ စာတန် (Satan) သည် လိမ်မာပါးနပ်စွာ လှည့်ဖြားတတ်ပြီး ကျွန်ုပ်တို့သည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် ချွင်းချက်ပေးတတ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ခွန်အားကို အသုံးပြု၍ အပြစ်ကိုကျော်လွှားနိုင်ရန် ကြိုးစားမည့်အစား ကျွန်ုပ်တို့အတွက် ပေးထားသော ခရစ်တော်၏ ကြီးမားသော တန်ခိုးကို ရယူပြီး ကြိုးစားကျော်လွှားပါ။ ဘုရားရှင်မှ သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ပြီး ကျွန်ုပ်တို့အတွင်း၌ ရှိစေခြင်း၊ ကျွန်ုပ်တို့အား တန်ခိုးကို ပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကိုအောင်မြင်နိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကျဆင်းခဲ့သည် ရှိသောအခါများ၌ပင် ဘုရားရှင်သည် ကျွန်ုပ်တို့အား ကူညီရန် မတ္တာဖြင့် လက်လှမ်းလျက်ရှိပါသည်။
၇း၁၇-၂၀ ‘မကောင်းသော ဝိညာဉ်မှ စေခိုင်း၍ ကျွန်ုပ်ပြုမိ ပါသည်’၊ ‘ထိုမကောင်းသော အကျင့်ကို ငါကိုယ်တိုင် ကျင့်သည်မဟုတ် ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏’ ယင်းတို့သည် ကောင်းသော ချွင်းချက်ပြစရာ အကြောင်းကဲ့သို့ အသွင်ရှိသော်လည်း ကျွန်ုပ်တို့ ပြုလုပ်သော လုပ်ဆောင်မှု အားလုံးတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့သည် အပြစ်၏တန်ခိုး၊ စာတန်အား ချွင်းချက်အဖြစ် ပေး၍မရပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ကျဆုံးပြီးသော ရန်သူများဖြစ်သည်။ ခရစ်တော်၏ အကူအညီ မပါရှိလျှင် အပြစ်သည် ကျွန်ုပ်တို့ထက် ခွန်အားကြီးပြီး တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့သည် အပြစ်၏ သွေးဆောင်မှုကို မခံနိုင်ဘဲ ရှိသည်။ ထိုကြောင့်အပြစ်ကို ကျွန်ုပ်တို့ တစ်ဦးတည်း မည်သည့်အခါ၌မျှ မရင်ဆိုင်သင့်ပါ။ အပြစ်ကို အစဉ်အောင်နိုင်ပြီးဖြစ်သော ခရစ်တော်ယေရှုသည် ကျွန်ုပ်တို့နှင့် အတူတကွရှိပြီး အပြစ်တွန်းလှန်ပေးမည်ဟု ကတိပြုထားသည်။ ကျွန်ုပ်တို့သည် ထိုအရှင်ထံမှ အကူအညီ ရယူလျှင် အပြစ်တရား၏ လက်အောက်သို့ ရောက်ရှိသွားလိမ့်မည်မဟုတ်ပါ။
၇း၂၃-၂၅ ‘ငါ့ကိုယ်အင်္ဂ်ါများ၌ရှိသော တရားတစ်ပါး’ သည် ကျွန်ုပ်တို့ စိတ်တွင်း၌ရှိသော အပြစ်ကိုဆိုလိုသည်။ ယင်းကြောင့် ကျွန်ုပ်တို့သည် အပြစ်ပြုရန် စိတ်အား ထက်သန်သည်။ ကျွန်ုပ်တို့အတွင်း၌ ရှိသောအရာများ အားလုံးသည် ဟောင်းသောအသက်တာဖြစ်သည့် တစ်ကိုယ်ကောင်းဆန်သည့် အသက်တာအား ဘုရားရှင်ထက်ပို၍ အလေးထားသည်။
၇း၂၃-၂၅ ပေါလု၏ စိတ်အတွင်း၌ အပြစ်ကိုရုန်းကန် တွန်းလှန်နေရသကဲ့သို့ ကျွန်ုပ်တို့စိတ်အတွင်း၌လည်း ထိုသို့အစဉ်ပြုရလေသည်။ ထိုသို့သောအခါများ၌ မည်သို့ပြုလုပ်ရမည်ကို ပေါလုထံမှ သင်ခန်းစာ ယူနိုင်သည်။ ပေါလုမှ ဆုံးရှုံးသွားပြီဟု ခံစားရသောအခါများတွင် သူသည် သူ၏ဝိညာဉ်အသက်တာအစကို ပြန်လည်ဆင်ခြင်လျက် ခရစ်တော်အားဖြင့် လွှတ်ခြင်းအခွင့်ကို ရပြီးသူဖြစ်ကြောင်းကို သတိရသည်။ သင်သည်အပြစ်၏ သွေးဆောင်မှုများနှင့် ရှုတ်ထွေးပြည့်ဝ နေသကဲ့သို့ ခံစားရပါလျှင် ပေါလုကဲ့သို့ လုပ်ဆောင်ပါ။ ယင်းမှာ ခရစ်တော်ယေရှုအားဖြင့် ကျွန်ုပ်တို့အား လွှတ်ခြင်းအခွင့်ကို ပေးခြင်းအတွက် ဘုရားရှင်အား ကျေးဇူးတင်ပါ။ စစ်မှန်သော ခရစ်တော်၏ တန်ခိုးတော်မှ သင့်အားအပြစ်ကို အောင်နိုင်သည်အထိ ချီမမြှင့်တင်မှုကိုခံယူပါ။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯