❮ Prev . . . အခန်းကြီး ၈ ၁၀ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၈

၈း၁၉-၂၂ အပြစ်သည် ဘုရားရှင် ဖန်ဆင်းခဲ့သော အရာများအား ပြည့်စုံခြင်းမှသည် မပြည့်စုံခြင်းကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဤကမ္ဘာကြီးသည် စိတ်ပျက်စရာများ၊ ချည်နှောင်မှုများဖြင့် ပျက်စီးခြင်းသို့ ဦးတည်လျက်ရှိပြီး ဘုရားရှင်၏ အလိုတော်ကို မပြည့်ဝစေနိုင်တော့ပါ။ တစ်နေ့၌ ဖန်ဆင်းထားသော အရာအားလုံးတို့သည် လွှတ်ခြင်းနှင့် အသွင်ပြောင်းခြင်းသို့ ရောက်ရမည်။ ထိုအချိန်ကို ကမ္ဘာကြီးသည် ဘုရားရှင်၏ သားသမီးများ ရှင်ပြန်ထမြောက်ခြင်းအား မျှော်လင့်ခြင်းနှင့်အတူ စောင့်စားလျက်ရှိသည်။

၈း၁၉-၂၂ ခရစ်ယာန်တို့သည် ဤကမ္ဘာအား ကာယအားဖြင့် ပျက်စီးလျက်ရှိသော ဝိညာဉ်ရေးရာ၌ အပြစ်နှင့်ဖုံးလွှမ်းလျက်ရှိသော ကမ္ဘာအနေဖြင့် ရှုမြင်သည်။ သို့သော် ခရစ်ယာန်တို့သည် အဆိုးမြင်ဝါဒသမားများ ဖြစ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ပ်တို့၌ အနာဂတ်ကာလ၌ ဘုန်းအသရေကို မျှော်လင့်စရာ အခွင့်ရှိသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားရှင်မှ ကတိထားတော်မူသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်းကောင်း၊ ဤကမ္ဘာကြီးမှ အပြစ်၊ ရောဂါဆိုး၊ မကောင်းမှု များကို ဖယ်ရှားရန်အတွက် ဘုရားရှင်၏ ဆောင်ရွက်မှုကိုလည်းကောင်း စောင့်စားသည်။ ယခုအချိန်၌ ခရစ်ယာန်တို့သည် ခရစ်တော်နှင့်အတူတကွ ဤလောကသို့သွား၍ လူများအား ကိုယ်၊ စိတ်၊ နှလုံး (၃)ပါးစလုံးအား ကျန်းမာစေပြီး၊ အပြစ်တရားမှ ဤလောက အပေါ်သို့ ကျရောက်စေသော ဆိုးကျိုးများကို တွန်းလှန်တိုက်ခိုက်လျက်ရှိသည်။

၈း၂၃ ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်သော အခါ၌ ခရစ်တော် ယခုရရှိပြီး သည်ဖြစ်သော ဘုန်းတော်နှင့် ပြည့်ဝသည့် ကိုယ်ခန္ဓာဖြင့် ထမြောက်ကြလိမ့်မည် (၁ ကော ၁၅း၂၅-၅၈)။ ကျွန်ုပ်တို့သည် ကျေးဇူးတော် အစဦးကို ခံရသော သူများဖြစ်သည်။ ထိုကျေးဇူးတော် အစအဦးမှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ရှင်ပြန် ထမြောက်သော အသက်တာအတွက် အာမခံချက်လည်း ဖြစ်သည် (၂ ကော ၁း၂၂၊ ၅း၅၊ ဧဖက် ၁း၁၄)။

၈း၂၄-၂၅ မိဘများမှ တစ်ခါတစ်ရံ၌ ကတိပျက်သော်လည်း ကလေးသူငယ်များသည် မိဘတို့အား ယုံကြည်စိတ်ချ ကြခြင်းမှာ သဘာဝကျသည်။ ကောင်းကင်ဘုံရှင် ခမည်းတော် ဘုရားသည် မစွမ်းဆောင်နိုင်သော ကတိတော်များကို ကျွန်ုပ်တို့အား မပြုပါ။ သို့သော် သူ၏ အစီအစဉ်များသည် ကျွန်ုပ်တို့ မျှော်လင့်ထားသည်ထက် ပို၍အချိန်ကြာချင်ကြာမည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ အလိုတော်နှင့်အညီ လုပ်ဆောင်မှုအား စိတ်မရှည်သော ကလေးငယ်ကဲ့သို့ မစောင့်စားဘဲ ကျွန်ုပ်တို့၏ စိတ်ချခြင်းကို ဘုရားရှင်၏ ကောင်းမြတ်ခြင်း၊ ဥာဏ်ပညာ၌ထားရှိပါ။

၈း၂၄-၂၅ ရောမကျမ်း၌ ပေါလုသည် ကယ်တင်ခြင်းအား အတိတ် (Past)၊ ပစ္စုပ္ပန် (Present)၊ အနာဂတ် (Future) ဟူသော အမြင်ဖြင့် ဖော်ပြထားသည်။

  • ကယ်တင်ခြင်းသည် အတိတ် (Past) ဖြစ်ရခြင်းမှာ ယေရှုခရစ်တော်အား ကယ်တင်ရှင်အဖြစ် ယုံကြည်သည့် အချိန်မှစ၍ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိခဲ့ပြီး (၃း၂၁-၂၆၊ ၅း၁-၁၁၊ ၆း၁-၁၁၊ ၂၂-၂၃) ကျွန်ုပ်တို့၏ အသစ်သော အသက်တာ (ထာဝရအသက်) ကို အစပြုခဲ့ပြီးဖြစ်သည်။
  • ကယ်တင်ခြင်းသည် ပစ္စုပ္ပန် (Present) ဖြစ်ရခြင်းမှာ ခရစ်တော်၏ အသွင်သဏ္ဍာန်သို့ ကူးပြောင်းခြင်းသည် ပစ္စုပ္ပန်ကာလ၌ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ (၆း၁ – ၈း၃၉)
  • တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း၏ အကျိုးဆက်အားလုံး၊ ကောင်းချီး မင်္ဂလအားလုံးကို အပြည့်အဝ ခံစားရခြင်း မရှိသေးဘဲ၊ ခရစ်တော်၏ နိုင်ငံတော်သစ်ကို ပြည့်ဝစွာ တည်ဆောက်ပြီးသည့် အနာဂတ် (Future) ကာလမှ အပြည့်အဝ ခံစားရမည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့အတွက် အနာဂတ်ကာလ ကယ်တင်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၌ စိတ်ချမှုရှိပြီး ခရစ်တော်၏ အသွင်ကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ၊ ကိုယ်ကျင့်တရားများ ပြောင်းလဲသွားမည့် နောင်တမလွန် ဘဝကို မျှော်လင့်ခြင်း၊ ယုံကြည်စိတ်ချခြင်း ပြည့်ဝစွာဖြင့် မျှော်ကြည့်လျက်ရှိသည်။ (၁ ယော ၃း၂)

Continue… » »


❮ Prev . . . အခန်းကြီး ၈ ၁၀ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.