❮ Prev . . . အခန်းကြီး ၈ ၁၀ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၈

၈း၂၆-၂၇ ယုံကြည်သူ တစ်ဦးအနေဖြင့် မိမိ၌ရှိသော အရင်းအမြစ် များကိုသာ အမှီပြုပြီး ပြဿနာများကို ရင်ဆိုင်ဖြေရှင်း ရမည် မဟုတ်ပါ။ သင်သည် မည်သို့သော စကားလုံးဖြင့် ဆုတောင်း ရမည်ကို မသိသော အချိန်၌ပင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူတကွ သင့်အတွက် ဆုတောင်းလျက်ရှိသည်။ ဘုရားရှင်မှလည်း အဖြေပေးလျက်ရှိသည်။ ဘုရားရှင်သည် သင့်အား ကူညီဆုတောင်း ပေးနေသောကြောင့် သင်သည် ဘုရားရှင်၏ အထံတော်သို့ တိုးဝင်ရန်အတွက် ကြောက်ရွံ့ရန် အကြောင်းမရှိပါ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်အား ဘုရားရှင်၏ အလိုတော်နှင့်အညီ ဆုတောင်းပေးရန် တောင်းဆိုပါ။ ထို့နောက် သင်၏ တောင်းဆိုချက်ကို ဘုရားရှင်၏ ထံတော်သို့ ဆောင်ယူလာသော အခါ၌ ဘုရားရှင်မှ သင့်အတွက် အကောင်းဆုံးကို အစဉ်အမြဲ လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။

၈း၂၈ ဘုရားရှင်သည် ကျွန်ုပ်တို့ အကျိုးအတွက် အရာတစ်ခုကိုသာ လုပ်ဆောင်ပေးသည် မဟုတ်ဘဲ အရာခပ်သိမ်းကို လုပ်ဆောင်သည်။ ယင်းသည် ကျွန်ုပ်တို့၌ ဖြစ်ပေါ်နေသော အရာအားလုံးသည် အကောင်းချည်းဖြစ်သည်ဟု မဆိုလိုပါ။ ကျဆင်းလျက်ရှိသော ဤကမ္ဘာ၌ မကောင်းမှု များနှင့်သာ ပြည့်ဝနေသည်။ သို့သော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့ ရေရှည် အကျိုးအတွက် အခြေအနေအလုံးစုံတို့ကို ပြောင်းလဲစေနိုင်သည်။ သတိပြုရမည်မှာ ဘုရားရှင်သည် ကျွန်ုပ်တို့ စိတ်ချမ်းသာရန် အတွက် ထိုအရာများကို လုပ်ဆောင်နေခြင်း မဟုတ်ဘဲ သူ၏ အကြံအစည်တော်ကို ပြည့်ဝစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤကတိတော်သည် လူတိုင်းအတွက် မဟုတ်ကြောင်းကိုလည်း ဂရုပြုရမည်။ ဘုရားရှင်အား ချစ်သော၊ ဘုရားရှင် အလိုတော်နှင့် အညီ ရွေးကောက်ထားသော သူများသာလျှင် ဤကတိတော်ကို တောင်းဆို ပိုင်ခွင့်ရှိသည်။ ရွေးကောက် ထားသောသူ ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်မှ ခရစ်တော်အား ဝန်ခံစေသော၊ လက်ခံစေသောသူ ဖြစ်သည်။ ထိုသူတို့၌ အသစ်သော အမြင်၊ အသစ်သော စိတ် ပြဌာန်းချက် များရှိသည်။ ထိုသူတို့သည် ပစ္စည်းဥစ္စာထက် ဘုရားကို ယုံကြည်စိတ်ချသည်။ ကမ္ဘာမြေကြီးပေါ်၌ လုံခြုံမှုထက် ကောင်းကင်နိုင်ငံတော်၌ လုံခြုံမှုကို မျှော်ရှုသည်။ နာကျင်မှုများ၊ နှိပ်စက်မှုများ အပေါ် နာကြည်းခြင်း မရှိခြင်း လက်ခံနိုင်အောင် ကြိုးစားသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားရှင်သည် သူ့တို့နှင့် အတူ ရှိတော်မူ၍ဖြစ်သည်။

၈း၂၉ ဘုရားရှင်မှ ကျွန်ုပ်တို့အတွက် ထားရှိသော ပန်းတိုင်မှာ ကျွန်ုပ်တို့အား ခရစ်တော်၏ အသွင်သဏ္ဍာန်သို့ ပုံသွင်းရန်ဖြစ်သည် (၁ ယော ၃း၂)။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပို၍ တူလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေမှန်၊ ကျွန်ုပ်တို့ဖြစ်သင့်သည့် အသွင်သဏ္ဍာန်ကို တွေ့ရှိလာပေမည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ အသွင်သဏ္ဍာန်သို့ မည်ကဲ့သို့ပြောင်းလဲနိုင် ပါမည်နည်း။ ကျမ်းစာတော်အား ဖတ်ရှုလိုက်လျောက်ခြင်း၊ ခရစ်တော်၏ ဤလောက၌ နေထိုင်ခဲ့သော အသက်တာအား ခရစ်ဝင်ကျမ်းများ၌ လေ့လာခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၊ ဘုရားရှင်၏ ဤလောက၌ လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့်၊ ခရစ်တော်၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်ပါသည်။

၈း၂၉-၃၀ လူအချို့တို့သည် ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ယုံကြည်ကြသည်မှာ ဘုရားရှင်သည် ကယ်တင်ခြင်း ဆုကျေးဇူးကို ခံထိုက်သော သူများအား ဤကမ္ဘာကြီး မတည်ရှိမီ ကတည်းက ရွေးချယ်လေသည်။ ထိုသို့ ယုံကြည်ချက်နှင့် ပတ်သက်၍ ဧဖက် ၁း၁ (မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော် မူတတ်သော သူ၏ ကြံစည်ခြင်း ရှိသည့်အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်) ကိုထောက်ပြသည်။ အခြားသူများ ယုံကြည်ကြသည်မှာ ဘုရားရှင်သည် သူ့အား တုန့််ပြန်မည့်သူများကို ရှေးမဆွကပင် သိရှိပြီး၊ ထိုသူတို့အပေါ်၌ တံဆိပ်ကိုခတ်၍ ခွဲခန့်မှတ်သားတော် မူသည်။ ရှင်းလင်းသော အချက်တစ်ခုမှာ ဘုရားရှင်မှ လူသားတို့အပေါ်ထားရှိသော ရည်မှန်းချက်မှာ ယခုမှ ပေါ်လာသော အကြံအစည်တော် မဟုတ်ဘဲ ကမ္ဘာကြီး မတည်ရှိမီ အချိန် ကတည်းကပင် ရှိသော အကြံအစည်တော် ဖြစ်သည်။ လူတို့သည် ဘုရားရှင်အား အစေခံရန်၊ ချီးမြှင့်ရန်ဖြစ်သည်။ သင်သည် ခရစ်တော်အား ယုံကြည်လျှင် ဘုရားရှင်မှသင့်အား အစဉ်သိသည်ဟူသော အချက်၌ ဝမ်းမြောက်နိုင်သည်။ သူ၏ ဥာဏ်တော်နှင့် တန်ခိုးတော်တို့သည် အနန္တဖြစ်သည်။ သူ၏ မေတ္တာသည် ထာဝရဖြစ်သည်။ သူသည်သင့်အား သူ၏ရှေ့မှောက်သို့ ပြန်ရသည်အထိ လမ်းပြကာကွယ်တော်မူလိမ့်မည်။

Continue… » »


❮ Prev . . . အခန်းကြီး ၈ ၁၀ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.