❮ Prev . . . ၂၁ ၂၂ အခန်းကြီး ၂၃ ၂၄ ၂၅ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၂၃

၂၃း၁-၄ အာဗြဟံ (Abraham) အချိန်၌ သေဆုံးခြင်း၊ မြှုပ်နှံခြင်းတို့သည် ရိုးရာထုံးတမ်းစဉ်လာ မြောက်များစွာဖြင့် လုပ်ဆောင်ခဲ့သည်။ သေဆုံးသော သူအား ရိုသေမှု မပြုခြင်းသည် အလွန်ပင် မလေးမစား ပြုရာရောက်သည်။ အစဉ်အလာ အတိုင်း မြှုပ်နှံမှု မခံရခြင်းသည် ကျိန်ခြင်း ကဲ့သို့ ဖြစ်သည်။ ငိုကြွေးခြင်းသည် သေဆုံးခြင်း အခမ်း အနားတွင်လွန်စွာ အရေးကြီးသည်။ မိတ်ဆွေ၊ ဆွေမျိုး များသည် အိမ်ပတ်ဝန်းကျင် တစ်ခုလုံး ကြားသည်အထိ ငိုကြွေးကြသည်။ ထိုအချိန်ကာလ၌ အလောင်းကို ပြင်ဆင်ပေးသောသူ မရှိသောကြောင့် မိတ်ဆွေမိသားစု များမှ အလောင်းကို ပြင်ကြရသည်။ ထိုသို့ ပြင်ဆင် ခြင်းသည် သေဆုံးသောနေ့နှင့် တစ်နေ့တည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုမှာ ပူနွေးသောကြောင့် ဖြစ်သည်။

Continue… » »


❮ Prev . . . ၂၁ ၂၂ အခန်းကြီး ၂၃ ၂၄ ၂၅ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.