ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၈
သင်ခန်းစာ (၅)
တစ်ကမ္ဘာလုံးအတွက် ရူပါရုံ
အကျိုးအမြတ်နှင့် တိုးတက်မှု
သမ္မာကျမ်းစာ (Bible) လေ့လာခြင်းသည် အကျိုးရှိသည့် လုပ်ငန်းတရပ်ဖြစ်သည်။ ထို့ထက်မက ဘုရားသခင်နှင့် ရင်းနှီးသော မိဿဟာယဖွဲ့မှုကို ရရှိစေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤသို့ မိဿဟာယဖွဲ့ခြင်းသည် စိတ်ကျေနပ်မှုကိုပေးပြီး အသက်တာကို ပြောင်းလဲစေပါသည်။
ကျွန်ုပ်ပြောင်းလဲပြီး ပထမ ၄ နှစ်တွင် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို လျစ်လျူရှုထားသဖြင့် အသိပညာနှင့် ကျေးဇူးတော်ကို သိကျွမ်းခြင်း၌ သူငယ်ဖြစ်မြဲဖြစ်နေပြီး၊ နှုတ်ထွက်စကားတော်ကို ကြိုးစားအားထုတ်၍ လေ့လာသောအခါမှ ရရှိလာသော ကောင်းကြီးမင်္ဂလာများသည် အံ့သြဘွယ်ကောင်းလှပါသည်။ ကျွန်ုပ်၏ ၅၄ နှစ် အတွေ့အကြုံအရ ကျွန်ုပ်တို့၏ ဝိညာဉ်ခွန်အား နည်းခြင်းများသည် ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာနှင့် စဉ်းစားတွေးတောမှုတို့၌ နှုတ်ထွက်စကားတော်ကို နေရာပေးမှု အတိုင်းအတာပေါ်တွင် မူတည်ပါသည်။
ဂျော့ မူးလာ (George Muller)
ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်း သင်ခန်းစာများ၏ ပထမစာအုပ် ၆ အုပ်ကို အကြောင်းအရာ ခေါင်းစဉ်အလိုက် သင်လေ့လာခဲ့ပြီးဖြစ်၍ အကျိုးကျေးဇူး ရရှိမည်မှာ ယုံမှားဘွယ်ရာ မရှိပါ။ စာအုပ်အမှတ် ၇၊ ၈ နှင့် ၉ တွင် ဓမ္မသစ်ကျမ်းစာစောင်များ (New Testament) ကို အခန်းလိုက် နားလည်အောင် လေ့လာမည်ဖြစ်ပြီး အသက်တာတွင် လက်တွေ့ကျင့်သုံးရန် ဖြစ်သည်။ ဤနည်းဖြင့် ဓမ္မသစ်ကျမ်းမှ စာစောင် ၃ စောင် နှင့် သက်သာလောနိတ် သြဝါဒစာ တို့ကို သင်သည် အကျွမ်းတဝင် ဖြစ်လာရုံမျှမက ကျမ်းစာလေ့လာခြင်းနှင့် ပတ်သက်သည့်အခြေခံ နည်းလမ်းများကို နားလည်သဘောပေါက် လာမည်ဖြစ်သည်။ ထို့အပြင် ကျမ်းစာလေ့လာခြင်းကို အသက်တာတွင် အလေ့အထ တခုအနေဖြင့် သင်ဆက်လက်လုပ်ဆောင် သွားနိုင်ပေလိမ့်မည်။
သင်လေ့လာရန်မှာ –
– စကားပြေရေးနည်း
– စာပိုဒ်အကျဉ်းခြုံးရေးနည်း
– ကောက်နှုတ်ချက်ရေးနည်း
– နှုတ်ထွက်စကားတော်ကို အသက်တာတွင် လက်တွေ့ကျင့်သုံးနည်း
– မေးခွန်းပြဿနာများ၏ အဖြေများရှာနည်းတို့ဖြစ်သည်။