« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

နိဒါန်း

အတွင်းသဘောထား အရေးကြီးပုံ

စာအုပ် အမှတ် ၉ ကို ဆက်လက် လေ့လာစဉ်တွင် ကိုယ်တော်၏ နှုတ်ထွက်စကားတော်နှင့် ပတ်သက်၍ မှန်ကန်သောအတွင်း သဘောထား များရှိလာရန် ဆုတောင်းပါ။ (နှုတ်ထွက်စကားတော်၏ အခွင့်အာဏာနှင့် ပြီးပြည့်စုံမှု အပေါ်၌ ယုံကြည်ခြင်း စိတ်သဘော၊ နှုတ်ထွက်စကားတော်ကို ဦးစားပေးချင်သော စိတ်နှလုံးသား၊ နှုတ်ထွက်စကားတော်၏ လမ်းညွှန်ချက်များအတိုင်း နာခံရန် စိတ်သဘောထား ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် မျှော်လင့်သော စိတ်ထားများ ရှိလာရန် ဖြစ်ပါသည်။) နှုတ်ထွက်စကားတော်မှ အကောင်းဆုံး အရာကို ရရှိရန် နှုတ်ထွက်စကားတော်ကို ရှာဖွေလေ့လာ သုတေသန ပြုရာ၌ သင်၏ အကောင်းဆုံးအချိန်၊ အကောင်းဆုံး စိတ်နှလုံးသဘောနှင့် အကောင်းဆုံး ကြိုးစားအားထုတ်မှုကို ပေးရမည် ဖြစ်ကြောင်း စိတ်ထဲ၌ မှတ်သားထား စေလိုပါသည်။

စာအုပ် အမှတ် ၇ နှင့် ၈ ၌ ကျမ်းစာကို စကားပြေရေးခြင်း၊ အကျဉ်းချုပ် (Summary) ရေးခြင်း၊ ကျမ်းပြိုင်ရှာခြင်း၊ လက်တွေ့ကျင့်သုံးခြင်းများကို မည်သို့ပြုလုပ်ရမည် ဖြစ်ကြောင်း သင်ယူခဲ့ပြီး ဖြစ်ပါသည်။

ဤဖိလိပ္ပိသြဝါဒစာ၌ အကျဉ်းချုပ် (Summary) ကောက်နုတ်ချက် (Excerpt) ရေးနည်း၊ လက်တွေ့ကျင့်သုံးချက်ကို ပိုမိုတိုးတက်စွာ ရေးတတ်နည်း၊ မေးခွန်းများအတွက် အဖြေရှာနည်း၊ စာစောင် တစ်ခုလုံးကို တစ်ခန်းပြီးတစ်ခန်း လေ့လာပြီးနောက် အကျဉ်းချုပ်ရေးနည်း အစရှိသည့် ခွဲခြမ်းစိတ်ဖြာ လေ့လာနည်းစသော နည်းဥပဒေသများကို ရက်သတ္တပါတ် (Week) ခြောက်ပတ်ကြာ ဆက်လက်လေ့လာ သွားမည် ဖြစ်ပါသည်။

ခရစ်ယာန် အသက်ရှင်မှု (Christian Living) ကို လေ့လာခြင်း စာအုပ်များ၏နောက်ဆုံးစာအုပ် အမှတ် ၁၀ ၌ စနစ်တကျ ကျမ်းစာလေ့လာခြင်းကို အဆက်မပြတ် အလေ့အကျင့် တစ်ခုအဖြစ် သင်ကိုယ်တိုင် လေ့လာသွားနိုင်ရန် လေ့လာမှုနှင့်ဆိုင်သော စာမျက်နှာ လွတ်များနှင့် အထောက်အကူ ဖြစ်စေသော အကြောင်းအရာများကို ထည့်ပေးလိုက်ပါသည်။

သမ္မာကျမ်းစာ (Bible) သည် အခြားမည်သည့် စာအုပ်နှင့်မျှ မတူသောကြောင့် အခြားမည်သည့် စာအုပ်ကိုမဆို ဖတ်ပြီး အနက်ဖွင့်သကဲ့သို့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မပြုလုပ်နိုင်ပါ။ လူသားတို့ အကြား၌ လူသား ခရစ်တော်ယေရှု ဖြစ်သကဲ့သို့ သမ္မာကျမ်းသည် စာအုပ်များအကြားမှ စာအုပ်တစ်အုပ် ဖြစ်သည်။ ယေရှုသည် တစ်ချိန်တည်းတွင် ဘုရားနှင့်လူ ဖြစ်သကဲ့သို့ ကျမ်းစာသည် ဘုရားသခင်၏ နှုတ်ထွက်စကားတော်နှင့် လူဘာသာဖြင့် ရေးထားသော စကားဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ဝိညာဉ်တော်အားဖြင့်သာလျှင် နှုတ်ထွက်စကားတော်၏ ဆိုလိုရင်းအဓိပ္ပါယ် အစစ်အမှန်ကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။

အဒေါ့ဖ်၊ ဆာဖါ(ရ်)

စာအုပ်အမှတ် ၉ သည် စာအုပ်အမှတ် ၇ နှင့် ၈ မှ ကျမ်းစာလေ့လာရန် အခြေခံနည်း ဥပဒေသများ၊ နည်းလမ်းများအပေါ် အမှီပြုထားသောကြောင့် ထိုစာအုပ်များကို ဦးစွာ ဖြေဆိုပြီးစီးထားရန် အရေးကြီးပါသည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.