❮ Prev . . . ၂၄ ၂၅ အခန်းကြီး ၂၆ ၂၇ ၂၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၆
၂၆း၁ ဖိလိတ္တိ (Philistines) လူတို့သည် ဣသရေလ (Israel) လူမျိုးတို့အတွက် အဆိုးဝါးဆုံးသော ရန်သူ ဖြစ်လာခဲ့သည်။ ဖိလိတ္တိလူတို့သည် ပါလေတိန (Palestine) ဒေသဝ၌ အခြေချသောသူ အေဂျင်ပင်လယ် (Aegean Sea) မှ ပြောင်းရွှေ့လာသော လူမျိုးစုများမှ တစ်စုဖြစ်သည်။ သူတို့သည် ဂရိ (Greek)၊ ဆိုက်ပရပ်(စ်) (Cyprus) တို့မှတဆင့် ရောက်လာခဲ့ကြသည်။ ခါနာနိ (Canaanite) အုပ်စိုးသူများသည် သူတို့အား အခကြေးငွေပေးပြီး အသုံးပြုခဲ့သည်။ သူတို့သည် အနောက်တောင်ဘက် ကမ်းခြေ၌ နေထိုင်ကြသည်။ သူတို့သည် လူနည်းစု ဖြစ်သော်လည်း စစ်ပွဲ၌ လွန်စွာရဲဝံ့သည်။ ထိုသူတို့သည် ဣဇက် (Isaac) နှင့် မိတ်ဆွေ ဖြစ်သော်လည်း ထိုလူနည်းစုသည် ယောရှု (Joshua) လက်ထက်တွင် လည်းကောင်း၊ တရားသူကြီး အုပ်စိုးချိန်၊ ဒါဝိဒ် (David) မင်း အုပ်စိုးချိန် ကာလတို့၌ ဣသရေလ လူမျိုးတို့အား ဘေးဒဏ်ပြုမည့် ကနဦး (သို့မဟုတ်) ရှေ့ပြေးလူစု ဖြစ်သည်။ အဘိမလတ် (Abimelek) မင်းသည် အာဗြဟံ (Abraham) တွေ့ဆုံခဲ့သော အဘိမလတ် မဟုတ်ပါ။ အဘိမလတ်သည် ဖိလိတ္တိ (Philistines) အုပ်စိုးသူ မင်းမျိုးမင်းနွယ်တို့၏ အမည်ဖြစ်နိုင်သည်။
❮ Prev . . . ၂၄ ၂၅ အခန်းကြီး ၂၆ ၂၇ ၂၈ . . . ၅၀ ဒေသနာကျမ်း Next ❯