ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
အခန်းကြီးများလေ့လာခြင်း
ဦးစွာ သင်လေ့လာမည့် အခန်းကို ခြုံငုံသိမြင် နိုင်ရန်အတွက် အနည်းဆုံး တကြိမ်ဖတ်ပါ။ အခန်းကြီး တစ်ခုနှင့်တခု မည်သို့ ဆက်စပ်မှု ရှိသည်ကို စဉ်းစားပါ။ တဖန် ကျမ်းပိုဒ်များကို တပိုဒ်ချင်း စဉ်းစားဆင်ခြင်လျှက် ဖြေးဖြေးဖတ်ပါ။
အကျဉ်းချုပ် (သို့) ကောက်နှုတ်ချက်ရေးခြင်း၊ ကျမ်းပြိုင်ရှာခြင်း၊ ပြဿနာ မေးခွန်းများ လက်တွေ့ အသုံးပြုချက် စသည့် သင်ခန်းစာ အပိုင်းများကို သင်နှစ်သက်သည့် အစီအစဉ် အတိုင်း ဖြေဆိုနိုင် ပါသည်။
အကျဉ်းချုပ် (သို့) ကောက်နှုတ်ချက်
(ဤအခန်းက ဘာကို ဖော်ပြသနည်း)
ဤအပိုင်း၌ အခန်းကြီးတစ်ခုတွင် ပါဝင်သော အကြောင်းအရာများကို အကျဉ်းခြုံးခြင်း အားဖြင့် သော်လည်းကောင်း၊ ကောက်နှုတ်ချက် ရေးခြင်းအားဖြင့် သော်လည်းကောင်း၊ မိမိ နားလည်သလို ပြန်ရေးရန် ဖြစ်သည်။ အပိုင်းတပိုင်းကို အထူး အသားပေးခြင်း (သို့) အချို့ အပိုင်းများကို ဖြုတ်ပစ်ခြင်းများ မပြုလုပ်ဘဲ အပိုင်း အားလုံးကို ညီညီမျှမျှ ထည့်သွင်းရေးသားပါ။
အကျဉ်းခြုံးရန်အတွက် ဦးစွာ ယင်းအခန်းကို အကြိမ်ကြိမ်ဖတ်ပါ။ ထိုနောက် တကြိမ်လျှင် အပိုင်းတစ်ပိုင်းကို ခပ်တိုတိုနှင့် လိုရင်းအချက် ပြည်စုံအောင် ပြန်ရေးပါ။ ထိုသို့ ပြုလုပ် ရန်အတွက် စာပိုဒ်တခုစီကို စကားပြေ ရေးပြီးနောက် ယင်းစကားပြေကို အကျဉ်းခြုံးပါ။ ကောင်းသော စကားပြေ အကျဉ်းချုပ် တခုတွင် အခန်းငယ် တခုလျှင် ပျမ်းမျှစာလုံး ရေ ၄ လုံး မှ ၁၆ လုံး အထိသာ ပါရှိသည်။
အကယ်၍ အကျဉ်းချုပ် ကောက်နှုတ်ချက် ရေးခြင်းနည်း (အကျဉ်းခြုံး ခြင်းနှင့် ကောက်နှုတ်ချက် ရေးခြင်းကို ပေါင်းစပ်ထားခြင်း) ကို အသုံးပြုလိုလျှင် အခန်းကြီးတခုလုံးကို ဖတ်ပြီးနောက် စာပိုဒ်ခွဲပါ။ ထိုနောက် စာပိုဒ်တခုစီကို ခေါင်းစဉ်တပ်ပြီး ယင်းခေါင်းစဉ်အောက်ရှိ ကျမ်းပိုဒ်များကို အကျဉ်းခြုံးပါ။ (သို့မဟုတ်) စာပိုဒ်တခုစီ ကို အကျဉ်းခြုံးပြီးမှ ခေါင်းစဉ်တပ်ပါ။
ကောက်နှုတ်ချက် ရေးရန်အတွက် ခွဲထားသော စာပိုဒ်တခုစီကို ခေါင်းစဉ်တပ်ပါ။ ထိုနောက် ယင်းခေါင်းစဉ်များ အောက်တွင် အချက်ကလေးများကို အစဉ်လိုက် ရွေးပါ။ အချက်ကလေးများမှာလည်း အဓိကအချက်နှင့် ဆက်စပ်နေရမည်။