« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၂။ တိုက်ထောင့်ကျောက်ချထားခြင်း ဝတ်ပြုခြင်း

* ပဏာမတီးမှုတ်ခြင်း

* တိုက်ထောင့်ကျောက်ချမှတ်မည်ဟု ကြေညာခြင်း

ဦးဆောင်သူဘုံဗိမာန်တော်သို့ ဝင်၍ ခြေတော်တင်ရာခုံ အောက်၌ ပျပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
ပရိသတ်အိုထာဝရဘုရား၊ ကိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
ဦးဆောင်သူကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းတန်ဆာကိုဆင်၍ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေသော။
ပရိသတ်ထာဝရဘုရားသည် ဇီအုန်မြို့ကို ရွေးကောက်၍ အမြဲနေတော်မူရန် အလိုရှိတော်မူ၏။
ဦးဆောင်သူဤမြို့ကားငါအစဉ်အမြဲ ကိန်းဝပ်ရာမြို့တည်း။ ငါအလိုတော်ရှိသည်ဖြစ်၍ ဤမြို့၌ ငါနေမည်။
ပရိသတ်သူ၏ အစာအဟာရကို အထူးသဖြင့် ကောင်းချီးပေးမည်။ သူ၌ဆင်းရဲသားတို့ကိုဝစွာကျွေးမည်။
ဦးဆောင်သူသူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့် သူ၌ သန့်ရှင်းသူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ သီဆိုရ ကြလိမ့်မည်။

* သမ္မာကျမ်းစာ ဖတ်ခြင်း (၁ ကော ၃း၉-၁၇)

* ဓမ္မဒေသနာ

* ဓမ္မသီချင်း “အသင်းတော်၏ အမြစ်ကား”

* အလှူတော်ငွေ ကောက်ခံခြင်း

* တိုက်ထောင့်ကျောက်ချထားသူအား ကျောက်ကိုပေးခြင်း

* တိုက်ထောင့်ကျောက်ချခြင်း

* ဆုတောင်းခြင်းနှင့် ပဌနာတော်

* ထောပနာသီချင်းသီဆိုခြင်း

* ကောင်းချီးပေးခြင်း /ကောင်းချီးမင်္ဂလာခံယူခြင်း

မှတ်ချက်။   ။ တိုက်ထောင့်ကျောက်ချမှတ်ခြင်းဆိုင်ရာ ကျမ်းချက်များ (ဆာ ၁၂၇း၁၊ ၁ ကော ၃း၁၀-၁၅၊ ၁ ပေ ၂း၆-၁၀၊ ဧ ၂း၁၉-၂၂)

Continue… » »


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.